မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ နှာခေါင်းစည်း(Mask) တစ်သောင်းခွဲ လှူဒါန်း

မန္တလေး  ၁၀  နိုဝင်ဘာ

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေး အသင်းမှ နှာခေါင်းစည်း(Mask) အခုရေ ၁၅၀၀၀ လှူဒါန်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးခင်မောင်လှ က အဖွင့်အမှာစကား ပြောကြားပြီး ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း တာဝန်ခံဦးကျော်လွင် က လှူဒါန်းရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ပြီး KN-95 Mask (၅၀၀၀) ခုနှင့် နှစ်လွှာ၊ သုံးလွှာ Mask (၁၀၀၀၀)ခု စုစုပေါင်း နှာခေါင်းစည်း(Mask) အခုရေ ၁၅၀၀၀ အား ပေးအပ်လှူဒါန်းရာ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အဆိုပါ နှာခေါင်းစည်း(Mask)များအား မန္တလေးမြို့ရှိ အသွားအလာကန့်သတ်ထားသော (Quarantine) စင်တာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး ထံမှ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)