မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ  ၂၃၆ဉီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိ

မန္တလေး ဧပြီ ၁၇

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထား သောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင် /စခန်းအသီး သီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဉီးတို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ရာ မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၃၆ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၂၀၅ ဉီး၊ အကျဉ်းသူ ၃၁ ဉီးစုစုပေါင်း ၂၃၆ဉီးတို့ကို  မန္တလေးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့် တိုင်းဒေသကြီးရဲတပ် ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်တို့ က ယနေ့နံနက်ပိုင်းတွင် မန္တလေးဗဟိုအကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားသည်။

ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများကို ကျန်းမာရေးစစ် ဆေးပေးခြင်း၊ နေတွက်စရိတ်နှင့် ခရီးစရိတ်ပေးအပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေး၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ 

တိုင်းဒေသကြီး အကျဉ်းဉီးစီးဌာန ညွန်ကြားရေးမှူး ဉီးချိုဝင်းထွန်း က “ကျွန်တော်တို့ အကျဉ်းဉီးစီးဌာနဆိုတာ တည်ဆဲဥပဒေကိုဖောက်ဖျက်ပြီး ပြစ်ဒဏ်ကျ ခံနေရတဲ့ သူတွေကို ထိန်းသိမ်းရတဲ့ဌာနဖြစ်ပါတယ်၊ ဒီလိုထိန်းသိမ်းထားရ တဲ့ အကျဉ်းသား၊ အကျဉ်းသူဆိုတာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ပါတယ်၊ ဒါကြောင့် သူတို့အခုလို လွတ်မြောက်မှုအပေါ်မှာ ကျွန်တော်တို့က အမြဲတမ်း အပျော်ရွှင် ဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူတွေ အခုလို လွတ်မြောက်တဲ့အခါမှာ လူတော်လူကောင်းတွေ၊ တိုင်းပြည်အတွက် တစ်ထောင့်တစ် နေရာကနေ အားထားရသူတွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရပါတယ်၊ ဒီနေ့လွတ်မြောက်တဲ့ သူတွေကလည်း စည်းကမ်းကောင်းမွန်ပြီးတဲ့ သူတွေဖြစ်ပါတယ်၊ ဒါကြောင့် သူတို့ရဲ့ မိသားစုတွေအပေါ်သာမက နိုင်ငံအပေါ်မှာပါ တာဝန်ကျေပွန်အောင် ဆောင်ရွက် သွားကြနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟုပြောသည်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဉီးကလည်း “နိုင်ငံတော်အစိုးရအနေနဲ့ အခုလို လွတ်ငြိမ်းခွင့်ပေးတဲ့အပေါ်မှာ ဝမ်းသာမိပါတယ်၊ ကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ နေရပ်ပြန်ဖို့အတွက်လည်း ခရီးစရိတ်တွေလည်း ပေးပါတယ်။ မိသားစုနဲ့ အရမ်းကိုတွေ့ချင်နေပါပြီ၊ မိသားစုနဲ့ အခုလို ပြန်လည် ဆုံစည်းခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟုပြောသည်။ 

ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်(၅)ထောင်မှ အကျဉ်းသား ၃၃၅ဉီး အကျဉ်းသူ ၇၁ဉီး စုစုပေါင်း ၄၀၆ဉီး ၊ ကုန်ထုတ်စ ခန်းများမှအကျဉ်းသား ၆၈ဉီး၊ အကျဉ်းသူ၆ဉီး စုစုပေါင်း ၇၄ဉီး ဖြင့် ယနေ့တွင် တိုင်းဒေသကြီးအတွင်း အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၄၈၀ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။ 

မောင်အေးချမ်း