မန္တလေး ယူနိုက်တက်အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်း စတင်ဖွဲ့စည်း

မန္တလေး ၈ ဧပြီ

 

မန္တလေး ယူနိုက်တက်အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်းကို စတင်ဖွဲ့စည်းခြင်းနှင့် မီဒီယာထံ မိတ်ဆက်အပ်နှံခြင်း အခမ်းအနား ဧပြီ ၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို မန္တလေးမြို့ မီဒိယာစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

"မန္တလေးမှာဆို ပုဂ္ဂလိကပိုင် ရတနာပုံယူနိုက်တက်ဆိုတာရှိတယ်။ ကျတော်တို့က အများပိုင်ပုံစံနဲ့သွားမယ့် မန္တလေးယူနိုက်တက်အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်းဖြစ်ပါတယ်''ဟု  မန္တလေး ယူနိုက်တက်အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်း အလုပ်အမှုဆောင်အဖွဲ့ ၊ ဥက္ကဌ လာကျဲလွယ်အိုက ပြောသည်။

 

မန္တလေး ယူနိုက်တက်အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်းတွင် လက်ရွေးစင် အမျိုးသမီးဘောလုံး အားကစားသမားများပါဝင်ပြီး ဒီဇင်ဘာလတွင် ကျင်းပမည့်  မြန်မာနေရှင်နယ်လိဂ်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ဘောလုံးလေ့ကျင့်ရန် ကွင်းအခက်ခဲရှိနေကြောင်းကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊ မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မဟာအောင်မြေဘောလုံးအဖွဲ့ချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်