မန္တလေး-သီပေါ-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ကျောက်မဲ ခိုမှုန်းကျေးရွာအနီး တွဲယာဉ်တိမ်းမှောက်

သီပေါ ၇ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-သီပေါ-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ် ခိုမှုန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၁၀၆/၆-၅)တွင် ယနေ့နံနက် ၈ နာရီခွဲက မူဆယ်မှ မန္တလေးသို့ စက္ကူလိပ်များ တင်ဆောင်လျက် ယာဉ်မောင်း တင်မောင်အေး မောင်းနှင်သည့် တွဲယာဉ်အမတ် TLR/------ သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်သို့ တိမ်းမှောက်သွားသည်။


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကျောက်မဲခရိုင် အမှတ်-၁၂၂ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ကျော်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ယာဉ်မောင်းနှင့် ယာဉ်အကူအား အခင်းဖြစ်ပွားရာမှ ကယ်ဆယ်ခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


စိုင်း(သီပေါ)