မန္တလာသီရိအားကစားကွင်းတွင် ဝန်ကြီးချုပ်ဖလား  ခရိုင်ပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး ဒီဇင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်း ၂ယောက်တွဲ၊ ၃ယောက်တွဲ အမျိုးသမီးပွဲနှင့် အမျိုးသား၃ယောက်တွဲ ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်း တောင်ဘက်ရှိ နိုင်ငံတကာ အဆင့်မြင့် အားကစားပြိုင်ပွဲရုံတွင်  ကျင်းပရာ မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဍကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဗိုလ်လုပွဲပြိုင်ပွဲတို့တွင် ၃ ယောက်တွဲ အမျိုးသားပြိုင်ပွဲ၌ မန္တေလးခရိုင်အသင်းက မိတ္ထီလာခရိုင်အသင်းကို ၂ပွဲပြတ် ဖြင့်လည်းကောင်း၊  အမျိုးသမီး၃ယောက်တွဲဗိုလ်လုပွဲတွင် မိတ္ထီလာခရိုင်အသင်းက ကျောက်ဆည်ခရိုင်အသင်းကို ၂ပွဲပြတ်ဖြင့် လည်းကောင်း၊  ၂ယောက်တွဲ အမျိုးသားဗိုလ်လုပွဲတွင် မန္တလေးခရိုင်အသင်းက ပြင်ဦးလွင်ခရိုင်အသင်း ကို၂ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။   

 

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ  အသင်းလိုက်ဆုရရှိကြသူများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား ၃ယောက်တွဲ ပြိုင်ပွဲတွင် ပထမရရှိသည့် မန္တလေးခရိုင်အသင်း၊ အမျိုးသမီး၃ယောက်တွဲပြို င်ပွဲ တွင် ပထမဆုရာ မိတ္ထီလာခရိုင် အမျိုးသမီးအသင်းတို့ကို ပထမငွေသားဆုကျပ် ၇သိန်းစီနှင့် ၂ယောက်တွဲပြိုင်ပွဲ ပထမဆုရ မန္တလေးခရိုင် အမျိုးသားအသင်းအား ပထမဆုငွေကျပ် ၅သိန်းနှင့် စုပေါင်းပထမဗိုလ်စွဲခဲ့သည့် မန္တလေးခရိုင်အသင်းအား ငွေသားဆုကျပ်သိန်း၂၀နှင့် ပထမတံခွန်စိုက်ဆုဖလားကြီးကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

တင်မောင်(မန္တလေး)