မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မီးသတ်ယာဉ်များပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ၄ နိုဝင်ဘာ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော မီးသတ်ယာဉ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်မီးသတ် ဦးစီးဌာနရုံးဝင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အသစ်ဝယ်ယူထားသော မီးသတ်ယာဉ်များအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပြီး မီးသတ်ယာဉ်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ မြို့နယ်အလိုက် ပေးအပ်ခဲ့သည်။

 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက အသစ်ဝယ်ယူထားသော မီးသတ်ယာဉ်များဖြင့် ရေပက်ဖြန်း သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ မီးသတ်ယာဉ်များ ပေးအပ်ပွဲတွင် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ အမြှုပ်မီးသတ်ယာဉ်(၁)စီး စုစုပေါင်း (၁၁)စီးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)