မွန်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကော်မတီ အစည်းအဝေးကျင်းပ

မော်လမြိုင် နိုဝင်ဘာ  ၁၂

 

မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားကဏ္ဍလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေးကော်မတီ  အစည်းအဝေး   အမှတ်စဉ် (၂/ ၂၀၂၁) ကို    ယမန်နေ့ မွန်းလွဲပိုင်းက    မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင်  မွန်ပြည်နယ်ဒေသဆိုင်ရာ   ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းက မွန်ပြည်နယ်သည်  သဘာဝကိုအခြေခံသည့် ခရီးသွားလာစရာနေရာ များစွာရှိကြောင်း၊  ထိုကဲ့သို့ ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုဗစ်-၁၉ အလွန်ကာလ တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး၊ လက်ရှိခရီးသွားဒေသများ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေသာယာလှပရေး   ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ခရီးသွားလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေသည့်ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပညာပေးသင်တန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊   ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို ဥပဒေ၊  နည်းဥပဒေ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုင်စင်ထုတ်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တင်ပြအကြံပြုဆွေးနွေးမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

 

မွန်ပြည်နယ်အနေဖြင့် သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစရာနေရာများစွာရှိသည့် အတွက် နှစ်စဉ်ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများစွာ  ဝင်ရောက်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ       ကော်မတီဝင်များအနေဖြင့်   ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများ​ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရေး  အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများကိုလည်း   သတ်မှတ် စည်းကမ်းများနှင့်အညီ  လိုင်စင်ထုတ်ပေးခြင်း၊  လိုင်စင်သက်တမ်းတိုးပေးခြင်း၊ ခရီးသွားလိုင်စင် လျှောက်ထားခြင်းများနှင့်  ဧည့်လမ်းညွှန်လိုင်စင်ထုတ်ပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)