မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ(၂/၂၀၂၁)နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းဝေးကျင်းပ

မော်လမြိုင်                   စက်တင်ဘာ                 ၂၈

 

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၂/ ၂၀၂၁ နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၂၁ ကို မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက သက်ဆိုင်ရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် အစည်းအဝေးတွင် တင်ပြခဲ့ကြသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားချက်များ၊ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထား မှုများကို တက်ရောက်ကြသည့် ကော်မတီဝင်များနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)