မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းမှုတွင် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ပဲခူး ၁၂ အောက်တိုဘာ

 

ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ကျော်စွာစားသောက်ဆိုင်ခန်းမ၌ မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းမှုတွင် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဆက်မှ ဂုဏ်ပြုနှုတ်ဆက် အမှာစကားပြောကြားပြီး ကွန်ပျူတာပညာရှင်အသင်း (ဘဏ္ဍာရေးမှူး) ဦးသုတမှ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဆက်နှင့် အဖွဲ့ဝင်များက မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းမှုတွင် ပံ့ပိုးကူညီကြသည့် Volunteer များနှင့် စေတနာရှင်ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကြသည်။

 

ပဲခူးမြို့တွင် မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းမှုအား ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်နှင့် ကွန်ပျူတာပညာရှင်တို့မှ ဦးဆောင်ပြီး ပဲခူးမြို့ပေါ်ရှိ မိုဘိုင်းဖုန်းဆိုင်များ၊ ဝါသနာရှင် Volunteer များစုပေါင်းကာ အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်အထိ (၅)ရက်တိုင်တိုင် ဆောက်ရွက်ပေးခဲ့ရာ ပဲခူးမြို့ရှိ ပြည်သူများနှင့် ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများ၏ မိုဘိုင်းဖုန်း ၄၅၆၉ လုံးကို မြန်မာယူနီကုတ်စံစနစ် ကူးပြောင်းမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)