မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

 

ဒိုင်ဗင်တင်လှနှင့် ရုပ်ရှင်စကားဝိုင်း
---------------------------------------------

တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း

ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေကို လုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ကယောက်ကယက် ဖြစ်ပြီးတော့ အသက်တိုကြရတာ၊ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ ဘဝဆိုတာဟာ တကယ့်ကိုနုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကို လျှောက်ရတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာ တော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ကျွန်တော်တို့ ရှားရှားပါးပါးနဲ့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသားတစ်ယောက် ရှိပါတယ်။ သူကတော့ အခုကျွန်တော်နဲ့ဆွေးနွေးမယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကို ပြောရမယ်ဆိုရင်တော့ အခုဆိုရင် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများ သိကြ၊ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှ ဖြစ်ပါတယ်။

(ယမန်နေ့မှ အဆက်)

ဒိုင်ဗင်တင်လှ။ ။ မော်တော် ဆိုင်ကယ်
စီးပြီး ဂျစ်ကားကို တိုက်တာ ဒိုင်ဗင်နဲ့ထွက်သွားတာ။

ဂျစ်ကား က ရပ်ထားတယ်၊ အဘက မော်တော် ဆိုင်ကယ်စီးသွားတယ်၊ တိုက်ပြီးတော့ ဒိုင်ဗင် နဲ့ ထွက်သွားတယ်။

ကြည်စိုးထွန်း။ ။ ဪ ဒီဂျစ်ကားကို
ကျော်ပြီးတော့ ဒိုင်ဗင် ထိုးပြီးတော့ ထွက်သွားတယ်။

ဒိုင်ဗင်တင်လှ။ ။ မော်တော်ဆိုင်ကယ်
ပေါ်ကနေ ဒိုင်ဗင်ထိုး သွားတာ။

ကြည်စိုးထွန်း။ ။ ဟိုဘက်မှာ ဘာခံထား
သေးလဲ။

ဒိုင်ဗင်တင်လှ။ ။ ဘာမှ မထားဘူး။

ကြည်စိုးထွန်း။ ။ ဘာမှ မထားဘဲနဲ့
တစ်ပတ်ကျွမ်းနဲ့ပဲ ပြန် ကျသွားတာပေါ့။

ဒိုင်ဗင်တင်လှ။ ။ တစ်ပတ်ကျွမ်းနဲ့ လှိမ့်
သွားတာပေါ့။

ကြည်စိုးထွန်း။ ။ ဟုတ်လား ဪ အဲလို
ဆိုင်ကယ်လည်း အဘ ကောင်းကောင်း စီးတတ်တယ်၊ ကားမောင်း တာကော၊ ကားစတန့်တွေရော။

ဒိုင်ဗင်တင်လှ။ ။ ကား၊ ဂျစ်ကားလာ တယ်လေ၊ တိုက်ပြီး တော့ ထွက်သွားရော။

ကြည်စိုးထွန်း။ ။ ဪ အဲဒါတိုက်တယ်၊
မြင်းကျတော့ရော။

ဒိုင်ဗင်တင်လှ။ ။ မြင်းကျတော့ ခြံစည်း
ရိုး ခုန်သွားတာပေါ့။

ကြည်စိုးထွန်း။ ။ ဪ ခြံစည်းရိုးတွေ ဘာတွေ ခုန်တာစီးဖူး တယ်။

ဒိုင်ဗင်တင်လှ။ ။ မြင်းပါခုန်သွားတာ။

ကြည်စိုးထွန်း။ ။ ဪ မြင်းရော လူရော၊
ဪ အဲဒီလိုခုန်စီး ဖူးတယ်၊ ချောက်တွေ ဘာတွေရော ကျော် ဖူးလား၊ ချောက်ကမ်းပါးတွေ ဘာတွေကျော် ဖူးလား မြင်းနဲ့။

ဒိုင်ဗင်တင်လှ။ ။ ချောက်ကမ်းပါးတော့
မလုပ်ပါဘူး။

ကြည်စိုးထွန်း။ ။ ဟုတ်လား၊ ဆိုင်ကယ်နဲ့
ရော အဲဒီလိုခုန်ဖူးလား။

ဒိုင်ဗင်တင်လှ။ ။ ဆိုင်ကယ်နဲ့ ခုန်တယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား ချောက်ကို
ချောက်ထဲကိုလေ၊ ဪ အဲဒီလို ခုန်ဖူးတယ်၊ အပြေးအလိုက်တွေမှာပေါ့၊ ဒိုင်ဗင်လည်း ခုနကလို လက်သီးတွေ ထိုးကြ တယ်၊ ဓားတွေခုတ်ကြတယ်။ မထိဘူး လား။

ဒိုင်ဗင်တင်လှ။ ။ ထိတာပေါ့ ၊ ထိတယ်၊
ထိတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား၊ သွားတွေက
အဲဒါကြောင့် မရှိတော့ တာလား။

ဒိုင်ဗင်တင်လှ။ ။ (ရယ်နေ)။

ကြည်စိုးထွန်း။ ။ သွားတွေက အဲဒီလို
ထိုးလို့ကြိတ်လို့ မရှိတာ လား၊ မဆိုင်ဘူးလား အဘသွားတွေက။
ဒိုင်ဗင်တင်လှ။ ။ အဲဒါတွေလည်း ပါတာ
ပေါ့၊ ဒဏ်တွေထိပြီး တော့ ကုန်တာပေါ့။

ကြည်စိုးထွန်း။ ။ လက်သီးထိုးတဲ့ဒဏ် တွေ
ရော၊ ကွမ်းစားတာ လည်းပါတယ်၊ ကွမ်းစားတာလည်းပါမှာပေါ့။

ဒိုင်ဗင်တင်လှ။ ။ ကွမ်းကငုံထားတာပါ။
ကွမ်းမငုံရရင် မနေ နိုင်ဘူး။

ကြည်စိုးထွန်း။ ။ အဲဒီတော့ အခု အဲဒီတုန်း
က ထိုးခဲ့ကြိတ်ခဲ့တဲ့ဒဏ် တွေ ဘာညာနာတာတွေဘာတွေရှိလား၊ ကျော တွေ ဘာတွေ။

ဒိုင်ဗင်တင်လှ။ ။ မရှိဘူး။

ကြည်စိုးထွန်း။ ။ မရှိဘူး ဟုတ်လား။

ဒိုင်ဗင်တင်လှ။ ။ ဘာအနာမှမရှိဘူး။

ကြည်စိုးထွန်း။ ။ ကျန်းမာတယ်နော် အဘ၊
တချို့က အဲဒီလိုဒဏ် တွေ ရှိတာပေါ့နော်၊ အခုအဘမှာ လုံးဝမရှိဘူး သွားလေးတစ်ခုပဲ နည်းနည်းနော်။

ဒိုင်ဗင်တင်လှ။ ။ သွားက တစ်ချောင်းပဲ
ရှိတယ်။ နောက်ကသွား လေးတွေ ပြန်ပေါက်နေတယ်။ အဲဒါဝါးလို့ ရတယ်၊ ကလေးလို သွားအငယ်လေးတွေ ပြန်ပေါက်နေတယ်။

ကြည်စိုးထွန်း။ ။ အဘ အဲဒါဆိုရင်တော့
နောက် တစ်ဘဝစပြီ၊ လူငယ်ပြန်ဖြစ်ဦးမှာ၊ အဘမင်းသားလုပ်ရဦးမှာ။

ဒိုင်ဗင်တင်လှ။ ။ အဲဒီလိုပြန်စနေတယ်။

ကြည်စိုးထွန်း။ ။ ဘာလို့လဲဆို အခုဟာ
အဘက ဒိုင်ဗင်ထိုးချင် စိတ်ကလည်း အခုထိအောင် ထိုးချင်နေသေး တယ်။

ဒိုင်ဗင်တင်လှ။ ။ ထိုးချင်တယ်။

ကြည်စိုးထွန်း။ ။ ဘုရင့်နောင် တံတား
ပေါ်ကနေထိုးဖို့က အမြဲ တမ်းစဉ်းစားနေတယ်နော် ဟုတ်တယ်မှတ် လား၊ ဘုရင့်နောင်တံတားပေါ်ကနေ ထိုးချင်နေ တယ်။

ဒိုင်ဗင်တင်လှ။ ။ ထိုးချင်တယ်။

ကြည်စိုးထွန်း။ ။ ဒိုင်ဗင်ကလည်းထိုးချင်
တယ်။ သွားတွေက လည်း ပေါက်နေသေးတယ်ဆိုတော့ ဒိုင်ဗင်တင်လှ နောက်ထပ်အသစ်တစ်ယောက် ပြန်ပေါ်လာစရာအကြောင်းရှိတယ်။

ဒိုင်ဗင်တင်လှ။ ။၊ ပြန်ပေါ်လာတယ် (ရယ်
၍ပြော) အဲဒီလိုဖြစ်နေ တယ်။

ကြည်စိုးထွန်း။ ။ ပေါ်စေချင် ပါတယ်၊
ဘာလို့လဲဆိုတော့ အခု ခေတ်ကလေးတွေက မတွေ့ဖူးကြဘူး၊ အဘတို့ စတန့်လုပ်တာတွေလေ။

ဒိုင်ဗင်တင်လှ။ ။ အဲဒါက အနန္တောအနန္တ
ဂုဏ်ကျေးဇူးတွေပဲ။

ကြည်စိုးထွန်း။ ။ မှန်ပါတယ်၊ ဟုတ်ပါတယ်။

ဒိုင်ဗင်တင်လှ။ ။ ဒါပဲ ကျွန်တော်လုပ်နေ
တာ။

ကြည်စိုးထွန်း။ ။ မှန်ပါတယ် ဘာလို့လဲ
ဆိုတော့ အဘတို့ ငယ်ငယ်တုန်းကထိုးတာလည်း တကယ်ထိုး ကြရတာနော်။ တကယ်စီးပြီးတော့။ ကျွန်တော် တို့ အခုခေတ်မှာရှိတဲ့ ကွန်ပျူတာ effect တို့လို၊ ကင်မရာထရိတ်တို့လိုဟာတွေက နည်းတာပေါ့၊ တကယ်လုပ်ကြရတာကိုနော်။ တကယ်ချောက် ကမ်းပါးကြီးကို ကျော်ဆိုလည်း တကယ်ကျော် ရတာ၊ သေကောင်ပေါင်းလဲကျော်ရတာ။ အဲဒီတော့ အဲဒီဒဏ်တွေက ရှိတာတောင်မှ အဘဟာ ကျန်းမာရေးက အခုထိအောင် တအားကောင်းနေသေးတာဆိုတော့၊ ဒါက လည်း ခုနကအဘပြောတဲ့ အနန္တောအနန္တငါးပါး ကျေးဇူးပေါ့။ အဲဒီတော့ တခြားလူတွေရော မထိဘူးလား၊ အဘနဲ့ ထိုးကြ ကြိတ်ကြတယ် ဘာညာဆိုရင်။

ဒိုင်ဗင်တင်လှ။ ။ ထိတာပေါ့၊ အဘထိုးလို့
ပစ်လို့ မေ့လို့ နောက် ကောက်ကျသွားတယ်။

ကြည်စိုးထွန်း။ ။ ဘယ်သူလဲ၊ အဲဒါ လူကြမ်း
တစ်ယောက်ပေါ့။

ဒိုင်ဗင်တင်လှ။ ။ လက်သီးမောင်မောင်တို့၊
ဌေးဝင်းတို့၊ ဘာတို့ အဘ ထိုးတာ။

ကြည်စိုးထွန်း။ ။ မေ့သွားတာ။

ဒိုင်ဗင်တင်လှ။ ။ ဒီလူနဲ့ သွားမလုပ်နဲ့ ဒီလူ
က တကယ်တီးတယ် တဲ့ အဘကို။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား။

တကယ် တီးတယ်တဲ့ မလုပ်နဲ့ ဟုတ်လား၊ နောက်ခေတ်ကျတော့ ကျွန်တော်တို့ ရုပ်ရှင်ရိုက်တဲ့ခေတ်ကျတော့၊ ကျွန်တော်တို့က ဒီလိုထိအောင်မလုပ်တော့ ဘူး။ ထိတယ်ထင်အောင်ပဲ ကျွန်တော်တို့က ရိုက်ကြတာပေါ့ အဘရယ်။ ဒါပေမယ့်လည်း အသံတွေ ဘာတွေပေးလိုက်တာပေါ့။ အသံ လေး ဘာလေးထည့်လိုက်တဲ့အခါကျတော့ တကယ်ထိတယ် ထင်ရတာပေါ့၊ အဲဒီလို နည်း နည်းလေးလှည့်စားပြီးတော့ ရိုက်တယ်။ အဘတို့ခေတ်တုန်းကတော့ ဒိုင်ဗင်ထိုးဆို လည်း လူစားမရှိဘူး။ ကိုယ်တိုင်ထိုးရတာနော်၊ ဆိုင်ကယ်စီးဆိုလည်း ကိုယ်တိုင်စီးရတာ၊ တစ်ခါတည်း ဒီဆိုင်ကယ်ကနေပြီးတော့ လိုက်ပြီးတော့ ရှေ့ကားက မင်းသမီးက ရှေ့က ကားနဲ့ပါသွားပြီ။ မင်းသားကနောက်ကနေ ပြီးတော့ ဆိုင်ကယ်နဲ့လိုက်၊ အနားလည်း ရောက်ရော တစ်ခါတည်း ဆိုင်ကယ်ပေါ်ကနေ ကန်ပြီးတော့ ကားပေါ်ကို ဒိုင်ဗင်ထိုးတက် တာမျိုးတွေက၊ တကယ်လုပ်ကြရတာကိုးနော်၊ တကယ်လုပ်ကြရတယ်။ တချို့လည်း တကယ် ထိသွားတာပေါ့၊ တကယ် သူ့ဟာသူ ချိန်သား ကိုက်ပြီးတော့၊ တွက်ပြီတော့လုပ်တဲ့ ဥပမာ အဘတို့လိုပေါ့လေ စတန့်မင်းသား တွေနဲ့ဆို ရင်တော့ သူ့ဟာ သူ အဆင်ပြေသွား တာပေါ့၊ ဒါတောင်မှ ဘာပဲဖြစ်ဖြစ် အဘရယ် တဖြည်း ဖြည်းကျတော့ ဒဏ်တွေက ဖြစ်ဖြစ်လာတာ ပေါ့။ အဘက အခု ၉၄ နှစ်ထဲ ရောက်ပြီ၊ ဘာမှ ဒီဒဏ်တွေ မရှိဘူးဆိုတော့ အဘပြော သလို အနန္တောအနန္တငါးပါး ကျေးဇူးပါပဲ။

ဒိုင်ဗင်တင်လှ။ ။ ဟုတ်တယ် ဒဏ်မရှိဘူး။
ကျန်းမာတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့
နောက်ဆုံး ပေါ့လေ အဘ မှတ် မိတဲ့ ကားတစ်ကားလောက်ပြောပါ။ အဘ ရိုက်တဲ့ကားထဲက အဘမှတ်မိတဲ့ကား၊ မှတ်မိတဲ့ကားဆိုတာ တကယ်ကို စိတ်ထဲမှာ မှတ်မိနေတာ အဲဒီကားမျိုး။

ဒိုင်ဗင်တင်လှ။ ။ စောရသက်ပြင်းတို့၊
စောရလက်ဝဲတို့။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒိုင်ဗင်တင်လှ။ ။ သူမိုက် ကိုယ်မိုက်
တို့က တော်တော်ထိုး ကြတယ်ပေါ့။

ကြည်စိုးထွန်း။ ။ သူမိုက် ကိုယ်မိုက်

ဒိုင်ဗင်တင်လှ။ ။ နောက် သူပုန်မ

ကြည်စိုးထွန်း။ ။ သူပုန်မအဲဒီမှာလည်း
တကယ်ထိုးကြရတယ်၊ ဒိုင်ဗင်ကတော့ ကားတိုင်းထိုးရတာပေါ့။

ဒိုင်ဗင်တင်လှ။ ။ ဒိုင်ဗင်က အမြဲပါတယ်၊
မပါလို့မရဘူး။

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒိုင်ဗင်တင်လှဖြစ်
နေတာကိုးနော်။ ဒိုင်ဗင် တင်လှဖြစ်နေတော့ ဒိုင်ဗင်က မထိုးလို့မဖြစ် ဘူးပေါ့။

(ဆက်လက်ဖော်ပြပါမည်)