မြန်မာ့ရိုးရာ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ဝေါ ၂၂ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စာပေချစ်သူများအသင်းအဖွဲ့တို့ ပူးပေါင်း၍ အလယ်တန်းအဆင့် မြန်မာ့ရိုးရာ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မြို့နယ်ပြည်သူစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စက်တင်ဘာလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပရာ မြို့နယ်စာပေချစ်သူများအဖွဲ့  ဥက္ကဌ ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးအောင်ခိုင်ဦး နှင့် အဖွဲ့ဝင်များ၊ ကျောင်းအသီးသီးမှ ဆရာ/ဆရာမများနှင့် အလယ်တန်းဆင့် ပြိုင်ပွဲကျောင်း အသီးသီးမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပြိုင်ပွဲဝင်ခဲ့ကြသည်။

 

ထို့နောက် အလယ်တန်းအဆင့် မြန်မာ့ရိုးရာ စကားပုံဆက် ပြိုင်ပွဲတွင် ပထမဆုရရှိ (အထကဝေါ) မသိမ့်နေခြည်လတ်၊ ဒုတိယဆုရရှိ (အထကဝေါ) မောင်ကောင်းဇင်သူ၊ တတိယဆုရရှိ (အထကဖိုးဦးစိန်ရွာ) မဆုမြတ်ရတနာ၊ နှစ်သိမ့်ဆု (၁) ရရှိသူ (အထကညောင်ခါးရှည်) မောင်ကောင်းထက်စံ၊ နှစ်သိမ့်ဆု (၂) ရရှိသူ (အထကညောင်ခါးရှည်) မဟေမာဖြိုးဝေတို့အား မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အောင်မြတ်လင်း(ပြန်ဆက်)