မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့်  မြန်မာပြည်တံခွန်စိုက်တင်းနစ်ပြိုင်ပွဲကျင်းပမည်

ရန်ကုန်   ၂၈ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၀ ခုနှစ် မြန်မာပြည် တံခွန်စိုက်တင်းနစ်ပြိုင်ပွဲကို မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ တင်းနစ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီးတစ်ဦးချင်း၊ နှစ်ယောက်တွဲ အလွတ်တန်း၊ အမျိုးသား+အမျိုးသမီး နှစ်ယောက် အလွတ်တန်း၊ အမျိုးသား၊ အမျိုးသမီး အသက် ၁၄ နှစ်နှင့်အောက်၊ ၁၆နှစ်နှင့်အောက်၊ ၁၈နှစ်နှင့်အောက် တစ်ဦးချင်း၊ အမျိုးသားအသက်၄၅နှစ်နှင့်အထက် နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဖုန်း ဝ၉၂၅၀၁၇၈၀၄၀ သို့ ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရသည်။

 

အေကေလင်း