မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ လှူဒါန်းသော သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်နှင့်ဦးထုပ်များ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ ပြန်လည်လှူဒါန်း

ရန်ကုန်  ဇူလိုင်  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် (သင်္ဃန်းကျွန်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ယနေ့နံနက် ၁၁ နာရီက  ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များအား သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့်သတင်းမီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များကို ပြန်လည်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့်သတင်းမီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက မြို့နယ်အတွင်းရှိ သတင်းနှင့်ပတ်သက်ပြီး လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် သတင်းမီဒီယာ ဥပဒေစာအုပ်ထဲတွင် ပါဝင်သော ရည်ရွယ်ချက်များ၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ အစရှိသည်တို့ကို လေ့လာဖတ်ရှု လိုက်နာကြရန် ပြောကြားခဲ့ပြီး သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့်သတင်းမီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များ ပြန်လည်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ခရိုင်(ပြန် / ဆက်)