မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ မြွေရုပ်ကြွင်းပါဝင်သည့် ပယင်းကျောက်တွေ့ရှိ

၁၉ ဇူလိုင်

အမေရိကန်၊ သြစတြေးလျ၊ ကနဒါနှင့် တရုတ်နိုင်ငံတို့မှ သိပ္ပံပညာရှင်များပါဝင်တဲ့ သုတေသနအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၉ သန်းကျော် ဒိုင်နိုဆောခေတ် က မြွတေစ်ကောင်၏ ရုပ်ကြွင်းပါဝင်သော ပယင်းကျောက်ကို ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပယင်းကျောက်ကို မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပယင်းကျောက်အတွင်းမှ မြွသေားပေါက်၏ မျိုးစိတ်ကိုတော့ မသိရသေးကြောင်းနှင့် အဆိုပါ ပယင်းကျောက်တုံးကို ၂၀၁၆ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျောက်သားအတွင်းမှာ နစ်မြုပ်နေသည့် မြွေ၏ အရိုးစုကို အသေးစိတ်ကြည့်နိုင်တဲ့ မိုက်ခရိုစီတီ နည်းပညာ အသုံးပြုပြီး တစ်နှစ်ခန့် အချိန်ယူကာ သုံးဖက်မြင် ဖွဲ့စည်းပုံအဖြစ် ပုံဖော်နိုင်ခဲ့သည်။

“အရိုးစု ရုပ်ကြွင်း အရှည်က ၄ ဒသမ ၇၅ စင်တီမီတာလောက် ရှိတယ်။ ဒါပေမယ့် အချို့အရိုးဆစ်တွေက လွဲနေတော့ ၉ ဒသမ ၅ စင်တီမီတာလောက် ရှိနိုင်တယ်” ဟု ကမ္ဘာမြေအကြောင်း အထူးပြုလေ့လာတဲ့ တရုတ်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရှီ လီဒါ ကပြောပြသည်။

“အခြား ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ ကျောရိုးနဲ့ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ မြွရေဲ ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ အရမ်းရှားပါးတယ်။ မြွအေများစုရဲ့ အရိုးဟာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာဖို့မာကျောမှု မရှိတာကို တွေ့ရပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းအများစုက တစ်ရှူးအပျော့ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိဘူး။ ဒါပေမဲ့ ထင်းရှူးစေး ဒါမှမဟုတ် သစ်ပင်ကြီးတွေကထွက်တဲ့ အစေးကနေ တစ်ဆင့် ဖြစ်လာတဲ့ ပယင်းကျောက်တွေမှာတော့ အရိုးငြမ်းနဲ့ တစ်ရှူးပျော့တွေကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တယ်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

 

 

သိပ္ပံပညာရှင်များဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၆၇ သန်းကျော်က မြွမျေား၏ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်ပိုင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အချက်အလက် အထောက်အထား အနည်းငယ်သာ ရရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀ဝ ကျော် က ကမ္ဘာ့အနှံ့အပြားတွင် မြွမျေား ပျံ့နှံ့အသက်ရှင်နေထိုင်ခဲ့ကြပြီး ဥရောပတောင်ပိုင်း၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကနှင့် အရှေ့လယ်ပိုင်းဒေသများတွင် ၎င်းတို့၏ ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ တွေ့ရှိခဲ့သည့် မြွရေုပ်ကြွင်းများအရ ရေထဲတွင် အသက်ရှင်နေထိုင်ခဲ့ကြောင်း ပြသလျက်ရှိသည်။

ယခုတွေ့ရှိသည့် ပယင်းကျောက်ထဲမှ ရုပ်ကြွင်းအရ မြွမျေားသည် မီဆိုဇိုးရစ်ခေတ် ကမ်းရိုးတန်း သစ်တောများတွင်လည်း နေထိုင်ခဲ့ကြောင်း ပထမဆုံး ရှာဖွေတွေ့ရှိခဲခြင်းဖြစ်သည်။ ပယင်းကျောက်ထဲမှ မြွငေယ်သည် အာဂျင်တီးနား၊ အာဖရိက၊ အိန္ဒိယ၊ သြစတြေးလျ တို့မှ မြွမျေားနှင့်လည်း ဆက်စပ်နေကြောင်းနှင့် ရေထဲတွင် နေထိုင်သည့် မျိုးစိတ်ဖြစ်နိုင်ကြောင်း သုတေသနအဖွဲ့တွင် ပါဝင်ခဲ့သည့် ကနဒါနိုင်ငံသား ရုပ်ကြွင်းပညာရှင် မိုက်ကယ် ကော့ဝဲလ် ကပြောပြခဲ့သည်။

 

 

ပယင်းကျောက်များတွင် ပိုမွှားများနှင့် သစ်ပင်များ၏ အကြွင်းအကျန်များ ပါဝင်သည့် ပယင်းကျောက်နှင့် အရိုးစုများပါဝင်သည့် ပယင်းကျောက်ဟူ၍ နှစ်မျိုးတွေ့ရလေ့ရှိသည်။ ယခုတွေ့ရှိသည့် ပယင်းကျောက်အတွင်းမှ အရိုးစုအရ မြွမျေားဟာ ရေချိုဒေသ ပူနွေးစိုစွတ်သည့် မိုးသစ်တောများတွင် ရှင်သန်ကျက်စားခဲ့ကြောင်း သက်သေပြလျက်ရှိသည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က ကမ္ဘာမြေအကြောင်း အထူးပြုလေ့လာတဲ့ တရုတ်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရှီ လီဒါ ပါဝင်သည့် အဖွဲ့သည် ဟူးကောင်းချိုင့်ဝှမ်းအတွင်းမှ ငှက်များ၊ ဒိုင်နိုဆောများ၊ ဖားများနှင့် ပယင်းကျောက်များအတွင်းက ရှေးဟောင်း ရုပ်ကြွင်းများကို ရှာဖွေလေ့လာမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “ ကျွန်တော်တို့ မြွအေရေခွံတွေကို ပယင်းကျောက်အတွင်းမှာ တွေ့ဖူးပါတယ်။ ဒါပေမယ့် မြွရေဲ့ အရိုးကြွင်းကိုတော့ ပယင်းကျောက်အတွင်းမှာ ပထမဆုံး တွေ့ဖူးတာပါ” ဟု ရှီလီဒါ ကပြောပြသည်။

SMZaw(MDN)

ကိုးကား - Xinhua