မြန်မာနိုင်ငံ၏ အထင်ကရ နေရာများသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြား

နေပြည်တော် ၉ ဧပြီ

 

တာချီလိတ် နယ်စပ်ဝင်ပေါက် မှတစ်ဆင့် နေ့ချင်းပြန် ခရီးစဉ်အဖြစ် ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်  ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၅ ရက်အထိ စုစုပေါင်း (၁၀၇)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ် အနေဖြင့် ခရီးသည် (၁၀၄)ဦးနှင့် ဗီဇာဖြင့် တာချီလိတ် မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် ဝင်ရောက်လာသူ ခရီးသည် စုစုပေါင်း (၁၂၁)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွား ဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှု ဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက် ရှိသည်။

 

 

နေ့ချင်းပြန် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည်  တာချီလိတ်မြို့ရှိ အထင်ကရ နေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ရွှေတိဂုံ စေတီတော်၊ တိုင်းရင်းသား ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည်ပတ်ကြသည်။

 

 

အလားတူ ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာ စေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

 

MDN