မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဟင်္သာတ  ၁၄  စက်တင်ဘာ 


(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီးတွင် ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။


ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်၊ ဒုခရိုင်ရဲတပ်ဖွဲ့ မှူးရဲမှူးကံမြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ကြည် ဦးဆောင်ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ မီးသတ်ဦးစီးဌာန၊ အမှတ်(၈၄)ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအင်အား(၃၀ဝ) ခန့်က စာသင်တိုက်ကြီးခြံဝန်းအတွင်းရှိ ခြုံနွယ်များခုတ်ထွင်ခြင်း၊ လမ်းဘေးဝဲယာ ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်းတို့ကို ရဲတပ်ဖွဲ့နေ့အကြို ဂုဏ်ပြုဆောင်ရွက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN

 

IMG_201