မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် Yadanarbon Model Air Festival - 2018 ပြပွဲ ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်း Myanmar Aero Hobbyist Association မှ မြန်မာနိုင်ငံတွင် ပထမဆုံး ကြီးမှူးကျင်းပသည့် ပြပွဲ၊ ပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်လေဆိပ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက ကျင်းပခဲ့ရာ  မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လေကြောင်းဝါသနာရှင်များက ဝင်ရောက်ယှဉ်ပြိုင်ပြီး လေယာဉ်ငယ်အစီး ၅၀ ကျော် ပါဝင်ယှဉ်ပြိုင် သရုပ်ပြခဲ့ကြပြီး ဝါသနာရှင် ထောင်နှင့်ချီ၍ လာရောက်အားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် Basic Flying Sport Landing, Aerobatics, Pilot Racing, Dog Flying အစရှိသည့်ပြိုင်ပွဲ များ၊ လေယာဉ်မော်ဒယ် ပျံသန်းမှုများ၊ RC လေယာဉ်မောင်းပြိုင်ပွဲများ၊ လေကြောင်းဆိုင်ရာ ဗဟုသုတပြခန်းများ၊ Pilot Talk အစီအစဉ်များ၊ Night Market ဆိုင်ခန်းများ၊ တေးဂီတ ဖျော်ဖြေပွဲများနှင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဝါသနာရှင်များ တစ်ခဲနက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း  တွေ့ရသည်။

 

ပြိုင်ပွဲအပြီးတွင် ပထမဆု နှင့် ဒုတိယဆု ရရှိသူများအား မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်ကျော်ငြိမ်း (ငြိမ်း)နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အေးမြ (မန္တလေး)