မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်များ၏ သား/သမီးများအား သတ္တမအကြိမ် ပညာရည်ချွန် ဆုချီးမြှင့်မည်

ရန်ကုန် ၆ သြဂုတ်

 

၂၀၁၇-၁၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိ အောင်မြင်ကြသော မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်များ၏ သား/သမီးများအား သတ္တမအကြိမ် ပညာရည်ချွန်ဆု ချီးမြှင့်မည် ဖြစ်သည်။

 

ယင်းသို့ချီးမြှင့်ရာတွင် တစ်ဘာသာနှင့်အထက် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၏ အသင်းဝင်ဖခင်(သို့မဟုတ်)မိခင်အနေဖြင့် ဂုဏ်ထူးရရှိသည့် အထောက်အထား၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်မူရင်း(သို့မဟုတ်) အမှတ်စာရင်း မိတ္တူ အသင်းဝင်ဖခင်(သို့မဟုတ်) မိခင်၏ မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်ကတ်ပြား မိတ္တူ၊ သန်ခေါင်စာရင်း မိတ္တူ၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်၊ ဂုဏ်ထူးရကျောင်းသား/သူ၏ (၄” × ၆”) ဓာတ်ပုံနှင့် ကိုယ်ရေးအကျဉ်း၊ သက်ဆိုင်ရာ မြို့နယ်စာရေးဆရာ အသင်းဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူး၏ မှန်ကန်ကြောင်း ထောက်ခံချက်တို့နှင့်အတူ စက်တင်ဘာ ၇ ရက်(သောကြာနေ့) နောက်ဆုံးထား၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅)၊ (၇) လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့ လျှောက်ထားပေးပို့ရမည် ဖြစ်ပါသည်။