မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေးညီလာခံအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေးညီလာခံအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဒေါက်တာတင်ရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဒေါက်တာ ကျော်ညွန့်စိန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူး၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာချန်ထွန်းအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

၁၄-၁၂-၂၀၁၈ မှအဆက်

 

အစီအစဉ်မှူး။ ။အဲဒီနည်းဗျူဟာတွေကို အခြေခံပြီးတော့ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

 

ဒေါက်တာကျော်ညွန့်စိန်။ ။အဲဒီမှာ အဓိကဆောင်ရွက်ခဲ့တဲ့လုပ်ငန်းကို အပိုင်းငါးပိုင်း ခွဲပြီးတော့ ပြောချင်ပါ တယ်။ ပထမတစ်ခုက Commitment ၊ Ownership  နဲ့ Partnership ပါ။ ကတိကဝတ်ခိုင်မာခြင်း၊ ဒီလုပ်ငန်းကို ပံ့ပိုးပေးခြင်း၊ မိတ်ဖက်၊ မိတ်ဆွေအဖွဲ့တွေနဲ့ ပေါင်းစည်းပြီးတော့ ဆောင်ရွက်ခြင်းနဲ့တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းရဲ့ Ownership ယူခြင်းဒါကတစ်ခုပါ။ နောက်တစ်ခုက MDT Service လို့ခေါ်တဲ့ လူနာရှာဖွေပြီးတော့ MDT ဆေးနဲ့ပျောက်ကင်းအောင် ကုသတဲ့လုပ်ငန်း၊ နောက်တစ်ခုက Monitoring စဉ်ဆက်မပြတ် ထောက်လှမ်းခြင်းနဲ့ သုတေသနလုပ်ငန်း၊ နောက် တစ်ခုကတော့ ပြည်သူလူထုအမြင်မှာ အနာကြီး ရောဂါရဲ့ပုံရိပ်နဲ့ အနာကြီးရောဂါနဲ့ ပတ်သက်တဲ့အသိတွေ အကောင်းဘက်ပြောင်းလဲလာအောင် လုပ်တဲ့လုပ်ငန်း၊ ပြီးတော့ ခန္ဓာကိုယ် မသန်စွမ်းမဖြစ်အောင် ကာကွယ်တဲ့လုပ်ငန်းတွေပါ။ အဲဒီလိုငါးချက်ရှိပါတယ်။

 

အဲဒီတော့ ပထမအချက်အနေနဲ့ကတော့ Commitment ၊ Ownership  နဲ့ Partnership ရအောင် ကျွန်တော်တို့က အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ကျေးရွာတွေအထိ ကျွန်တော်တို့ရဲ့အဖွဲ့တွေ၊ အနာကြီးရောဂါ တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ရဲ့ ဆရာတွေနဲ့ Advocacy ခေါ်တဲ့အသိပေးတင်ပြတဲ့ ဆွေးနွေးပွဲတွေ Level အလိုက် လုပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အနာကြီးရောဂါဆိုတာဟာ လူတန်းစားမရွေး၊ နေရာဒေသမရွေးဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းပေါင်းစုံကို ရောက်အောင်လုပ်တယ်။ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေ၊ တပ်ဖွဲ့တွေ ထိအောင် ကျွန်တော်တို့ Advocacy လုပ်ပါတယ်။ အနာကြီးရောဂါဆိုတာ လက္ခဏာတွေက ဘယ်လို ကုသတာ ဘယ်မှာကုသလို့ရတယ်၊ အခမဲ့ ကုသနိုင်တယ် စသည်ဖြင့် ဒါတွေ ကျွန်တော်တို့လုပ်ပါတယ်။

 

နောက်ပြီး Committee Image နဲ့ Awarenes ပြည်သူလူထုရဲ့ အနာကြီးရောဂါကို မြင်တဲ့ပုံရိပ်နဲ့ အသိပညာတွေ တိုးတက်လာဖို့ဆိုတာ မီဒီယာတွေလိုပါတယ်။ လူထုဆက်သွယ်ရေးနည်း လမ်းတွေ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မီဒီယာသမားတွေ၊ စာပေနယ်ကမိတ်ဆွေတွေ၊အနုပညာနယ်ပယ်ကမိတ်ဆွေတွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲလုပ်တယ်။ အနာကြီးရောဂါဖြစ်တဲ့ နေရာဒေသတွေကို ခေါ်သွားပြီးတော့ ကွင်းဆင်းလေ့လာစေတယ်။ အဲဒီလိုတွေ လုပ်ခဲ့ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ MDT Service ပေးရာမှာ ပုံမှန်လူနာရှာဖွေရေးလုပ်ငန်းတွေကိုပိုပြီးတော့ကောင်းမွန်အောင် ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ အထူးသဖြင့် သားဖွား ဆရာမတွေ လုပ်နိုင်အောင် Special Activity လို့ခေါ်တဲ့ (Leprosy Elimination Campaign -LEC)  ကို ၁၉၉၉ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်(၂)ဆင့် ခွဲပြီးတော့ ကျွန်တော်တို့လုပ်ပါတယ်။

 

အနီရောင်နတ်မိမယ်များ

 

နောက်ပြီးတော့ ဆရာကြီးတို့ လက်ထက်တုန်းကတော့ SAPEL ပေါ့။ ကျွန်တော်တို့ လက်ထက်မှာတော့ Improving Geographical Coverage ပထဝီနယ်မြေ လွှမ်းခြုံမှု တိုးတက်လာအောင်လုပ်ပါတယ်။ SAPEL နဲ့ သဘောချင်းကသိပ်မကွာဘူး။ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာအနာကြီးရောဂါဆိုတာ အညာဒေသမှာ အဖြစ်များ တယ်လို့ ပြောကြတယ်။ တကယ်တမ်းက ဆရာကြီးပြောတဲ့ SAPEL တွေအရ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာအနာကြီးရောဂါ ပြဿနာရှိတယ်။ ပြည်သူ့ကျန်းမာရေးပြဿနာ အထက်ကိုရှိတယ်။ကျွန်တော်တို့ရဲ့ MDT Service  ကို နေရာဒေသ မရွေး မြန်မာနိုင်ငံမှ ဘယ်နေရာမဆိုရောက်အောင်ကျွန်တော်တို့က အဲဒါတွေကို လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ သားဖွားဆရာမတွေဟာ ရှေ့တန်းကနေ လူနာရှာပြီးတော့ ကုပေးတဲ့အခါမှာလည်း တော်တော်လေး တက်တက်ကြွကြွလုပ်တယ်။ ဥပမာဆိုပါစို့ လူနာက ညနေခင်းမှ လူမမြင်သူမမြင် ရှိတဲ့အချိန်မှာ လာပြီးတော့ဆေးတိုက်ပါဆိုရင်လည်း အဲဒီအချိန်မှာဆေးသွားတိုက်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဝန်ထမ်းတွေ အထူးသဖြင့်သားဖွားဆရာမတွေကို အပြည်ပြည်ဆိုင်ရာအဖွဲ့တွေက (Red Angle) အနီရောင်နတ်မိမယ်များလို့ တင်စားပြီး ခေါ်ခဲ့ကြတယ်၊ ကျွန်တော်တို့အဲဒီလို လုပ်ခဲ့ပါတယ်။

 

စာရင်းဇယားတွေနဲ့ ခွဲခြား

 

နောက်တစ်ခုကတော့ ကျွန်တော်တို့ အနာကြီးရောဂါကို စဉ်ဆက်မပြတ် ထောက်လှမ်း ကြည့်ရှုတဲ့အခါ စာရင်းဇယားတွေ ကျွန်တော်တို့သေချာခွဲခြမ်းစိတ်ဖြာတယ်။ အနာကြီးရောဂါအဖြစ်များတဲ့ ရွာတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ အခြေခံအချက်အလက်တွေက ဘယ်လိုရှိသလဲ။ အနာကြီးရောဂါ အဖြစ်နည်းတဲ့ ကင်းဝေးတဲ့ရွာတွေ ဘယ်လိုရှိသလဲ။ အဲဒါတွေကို ကျွန်တော်တို့အဖြစ်များတဲ့ Hyper Endemic လို့ခေါ်တဲ့ တိုင်းဒေသကြီးလေးခုနဲ့ ပြည်နယ်တစ်ခု ငါးခု မြို့နယ် ပေါင်း ၉၉ မြို့နယ်၊ အဲဒီမြို့နယ်ပေါင်း ၉၉မြို့နယ်မှာ တစ်ရွာချင်းကို အုပ်စုခွဲတယ်။ Category 1၊ Category 2 စသည်ဖြင့်ပါ။ အနာကြီးရောဂါအတွက် အန္တရာယ်ပိုပြီးတော့ဖြစ်နိုင်တဲ့ လူနာများများ ရှိနိုင်တဲ့ရွာလား၊ အနာကြီးရောဂါ ကင်းဝေးသွားပြီဖြစ်တဲ့ရွာလား အဲဒီလောက်ထိ ကျွန်တော်တို့ စာရင်းဇယားတွေနဲ့ခွဲခြားပြီး စီမံချက်တွေချပါတယ်။

 

အနာကြီးရောဂါနဲ့ ပတ်သက်လို့ ပုံရိပ်တွေလူနာတွေရဲ့အသိတွေ တိုးဖို့ဆိုတာ ပထမဆုံး ဆရာကြီး လက်ထက်တည်းက စတယ်။ ပိုစတာတွေထုတ်တယ်။ ကျွန်တော်တို့ လက်ထက်ကျတော့ အကယ်ဒမီ မေသဉ္ဇာဦးတို့၊ အကယ်ဒမီ သက်မွန်မြင့်တို့ပါ ပါလာတယ်။ မင်းသမီးတွေနဲ့ ကျွန်တော်တို့က အနာကြီးရောဂါဆိုတာ ဘာကြောင့်ဖြစ်တယ်။ အနာကြီးရောဂါဆိုတာ ကုရင်ပျောက်တယ်။ ဘယ်ကိုသွားပြီးတော့ ကုလို့ရတယ်။ အနာကြီးရောဂါကုတဲ့အတွက်ကြောင့် ငွေကြေးကုန်ကျစရာ မလိုဘူး။ အဲဒီလို အဓိကအချက်နဲ့ ကျွန်တော်တို့ကပြည်သူတွေ လက်ထဲကိုရောက်အောင် ကျွန်တော်တို့က ပိုစတာတွေဖြန့်တယ်။ သတင်းစာတွေမှာလည်း အနာကြီးရောဂါနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေ၊ ကြော်ငြာတွေ တော်တော်များများထည့်တယ်။ အဲဒါက ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ လုပ်တာ။ မီဒီယာဘက်ကလည်း သူတို့ဂျာနယ်၊စာစောင်တွေမှာ ဆောင်းပါးတွေ ရေးကြတယ်။ ဖိတ်ခေါ် ကြတယ်။ ကျွန်တော်တို့ ဗီဒီယိုတွေရိုက်တယ်။ လူနဲ့လူတို့၊ ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေတို့ နောက်ပြီးတော့ အာရုံဦးရဲ့ပုံရိပ်များ ဒီဟာတွေဟာ MRTV တို့ MWD တို့တွေက ခဏခဏပြတယ်။ နောက်ပြီးတော့ LEC လုပ်မယ့်သူကို မလုပ်ခင်မှာ ဗီဒီယိုကားတွေကိုပြတယ်။ အခမဲ့ပြပေးတယ်ဆိုတော့ ပြည်သူလူထုကို အနာကြီးရောဂါနဲ့ပတ်သက်ပြီး နားလည်အောင်၊ အနာကြီးရောဂါအကြောင်း ပိုသိလာအောင် ကျွန်တော်တို့တွေ အဲဒီလိုတွေလုပ်ခဲ့ပါတယ်။

 

နောက် ခန္ဓာကိုယ်မသန်စွမ်း ကာကွယ်ဖို့နဲ့ပြန်လည်ထူထောင်ဖို့ကတော့ ကျွန်တော်တို့ဆရာကြီးပြောတဲ့ American Leprosy Mission တို့နဲ့ ပေါင်းလိုက်ပြီးတော့ ILEP လို့ ခေါ်တာပါ။ အခုလည်း ဆရာကြီးက အဲဒီမှာ Liaison လုပ်နေတာပါ။ အဲဒီ ILEP နဲ့ JICA လို့ခေါ်တဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ သူတို့တွေကလည်း ကျွန်တော်တို့ကိုဝိုင်းလုပ်ပေးပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းတွေဟာနည်းဗျူဟာတွေအပေါ် အခြေခံပြီးတော့ လုပ်ခဲ့တဲ့လုပ်ငန်းတွေပါ။ ကျွန်တော်တို့ အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက်မှာ တချို့ဟာတွေက သူများတွေမလုပ်ခင်မှာ ရှေ့တွေးပြီးလုပ်ခဲ့တဲ့အရာ ရှိတယ်။ ဥပမာ GIS လို့ခေါ်တဲ့ Geographical Information System မြေပုံကို အသုံးပြုပြီးတော့မှ စီမံချက်ရေးဆွဲတဲ့ကိစ္စ၊ လူနာရှာတဲ့ကိစ္စဒါမျိုးလေးတွေရှိပါတယ်။ နည်းပညာပိုင်းဆိုင်ရာတွေလည်း လုပ်ပါတယ်။ စောစောတုန်းကပြောသလိုပဲ သုတေသနရလဒ်တွေကိုလည်းကျွန်တော်တို့က ပြန်ထည့်ပြီးတော့ စီမံချက်မှာ ပိုကောင်းအောင်လုပ်ပါတယ်။

 

အစီအစဉ်မှူး။ ။ အခုဆရာကြီးတို့အနေနဲ့ ဒီလိုဆောင်ရွက်ခဲ့တဲ့ အကျိုးရလဒ်တွေနဲ့ ဘာကြောင့် ဒီလိုဆောင်ရွက်နိုင်တာလဲဆိုတာကို သိပါရစေရှင်။

 

ဒေါက်တာကျော်ညွန့်စိန်။ ။ကျွန်တော် အစောတုန်းက ပြောတဲ့၁၉၉၉ ခုနှစ်မှာ ကျွန်တော်တို့ တစ်နိုင်ငံလုံး အမျိုး သားအဆင့် LEC အနာကြီးရောဂါ ကင်းဝေးရေး Campaign ကို ကျွန်တော်တို့လုပ်တယ်။ အဲဒီCampaign  က တိုင်းတွေမှာ တစ်ပတ်၊ ပြည်နယ် “အဲဒီလူနာသစ် ၃၀ဝ၀ဝ နီးပါးဆိုတာ ပုန်းကွယ်နေတဲ့ လူနာတွေကို ကျွန်တော်တို့က ဖော်ထုတ်လိုက်တာ။ ဖော်ထုတ်လိုက်ပြီးတော့ ဆက်ပြီးကျန်တဲ့လူတွေလည်းရှိတော့ နောက်ကာလတွေမှာ အဲဒီလိုပဲလုပ်တယ်။ အဲဒီလိုလုပ်တဲ့အတွက်ကြောင့် ၁၉၉၀ ပြည့်နှစ်မှာလူဦးရေ တစ်သောင်းမှာ မှတ်ပုံတင်ထားတဲ့ အနာကြီးလူနာ ၂၇၆ယောက်ရှိတယ်။ အဲဒါကို ၂၀ဝ၃ ခုနှစ်မှာ ဝ ဒသမ ၈ လောက်ကျသွားတယ်”တွေမှာ တစ်ပတ် တစ်နိုင်ငံလုံးလုပ်တာပါ။ အဲဒီနှစ်ပတ်အတွင်းမှာ လူနာသစ် ၁၅၀ဝ၀ လောက်ရတယ်။ နောက်ကျန်တဲ့ District LEC ဆရာကြီးပြောတဲ့နည်းနဲ့ မန္တလေးတိုင်းဆိုရင် မန္တလေးတိုင်းဆိုတာ သိကြတဲ့အတိုင်းပဲ။ အဖြစ်များတဲ့တိုင်း။ အဲဒီမှာဆိုရင် ပိုပြီးတော့ထွက်အောင်လို့ District LEC ကိုလုပ်တယ်။ နောက် ပုံမှန်လူနာသစ်ရှာဖွေရေးလုပ်ငန်းတွေကို တက်အောင်လုပ်တော့ ၁၉၉၉ ခုနှစ် တစ်နှစ်တည်းမှာပဲ လူနာသစ် ၃၀ဝ၀ဝ နီးပါးလောက်ရတယ်။ အဲဒီလူနာသစ် ၃၀ဝ၀ဝ နီးပါးဆိုတာ ပုန်းကွယ်နေတဲ့ လူနာတွေကို ကျွန်တော်တို့က ဖော်ထုတ်လိုက်တာ။ ဖော်ထုတ်လိုက်ပြီးတော့ ဆက်ပြီး ကျန်တဲ့လူတွေလည်းရှိတော့နောက်ကာလတွေမှာ အဲဒီလိုပဲလုပ်တယ်။ အဲဒီလိုလုပ်တဲ့အတွက်ကြောင့် ၁၉၉၀ ပြည့်နှစ်မှာ လူဦးရေတစ်သောင်းမှာ မှတ်ပုံတင်ထားတဲ့ အနာကြီးလူနာ၂၇၆ ယောက်ရှိတယ်။ အဲဒါကို ၂၀ဝ၃ ခုနှစ်မှာ ဝ ဒသမ ၈ လောက်ကျသွားတယ်။ (၁) အောက်ရောက်သွားတယ်။ ဒါဟာ ကျွန်တော်တို့ အရှိန် အဟုန်မြှင့် ဆောင်ရွက်တာရော၊ ပုံမှန်ဆောင်ရွက်တာရော၊ နောက်ပြီးတော့ လူထုကို အသိပညာ ပေးတာတွေရော၊ အဲဒီလိုနဲ့ ကျွန်တော်တို့ဟာ အနာကြီးရောဂါပြဿနာကို အနိမ့်ဆုံးရောက်အောင် ကျွန်တော်တို့ ဆွဲချခဲ့ပါတယ်။

 

အစီအစဉ်မှူး။ ။ ဒီအနာကြီးရောဂါ ကင်းဝေးကြောင်း ဘယ်အချိန် ဘယ်ခုနှစ်မှာ ကြေညာနိုင်ခဲ့ပါလဲရှင့်။ နောက်ပြီးတော့အနာကြီးရောဂါကင်းဝေးရေး ရည်မှန်းချက် ရရှိခြင်းရဲ့ အဓိကအချက်တွေကရော ဘာတွေလို့ ယူဆပါသလဲရှင်။

 

ဒေါက်တာကျော်ညွန့်စိန်။ ။ အဲဒါက ကျွန်တော်တို့ နိုင်ငံမှာတတိယအကြိမ်မြောက် Global Allowance of Elimination of Leprosy လို့ ခေါ်တယ်။အနာကြီးရောဂါ ကင်းဝေးရေးအတွက် ကမ္ဘာ့မိတ်ဖက် အဖွဲ့အစည်းများပါဝင်တဲ့ အစည်းအဝေးပါ။အဲဒီမှာလည်း WHO တို့ Donar  တွေဖြစ်တဲ့Sasakawa Memorial Health Foundation တို့ ALM တို့ နောက်တစ်ခါ ဆေးဝါးလှူဒါန်းနေတဲ့ Novartis Foundation တို့၊ အဲဒါတွေအပြင်အနာကြီးရောဂါအဖြစ်များတဲ့ နိုင်ငံတွေကကျန်းမာရေးဝန်ကြီးတွေနဲ့ စီမံချက်မန်နေဂျာတွေ အဲဒါကို ကျွန်တော်တို့ Sedona Hotel  မှာ ကျင်းပပါတယ်။ Sedona Hotel မှာ ကျင်းပတဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အနာကြီးရောဂါကင်းဝေးရေးရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိပြီဆိုတာ ကြေညာနိုင်ခဲ့ပါတယ်။

 

ဒီလိုရောက်ရှိနိုင်အောင် အနောက်ကနေမောင်းနှင်အားဖြစ်တဲ့ အဓိကအချက်တွေကတော့ Political Commitment နိုင်ငံရေးအရ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီးတော့ ဒီလုပ်ငန်းကို အောင်မြင်အောင် လုပ်မယ်ဆိုပြီးတော့မှ ပံ့ပိုးမှုတွေ၊ ပံ့ပိုးမှုတွေဆိုတာတွေထဲမှ ပြည်သူလူထုရော၊ အာဏာပိုင် အဖွဲ့တွေရော၊ မိတ်ဖက်တွေရော၊ သူတို့ရဲ့ ပံ့ပိုးမှုတွေပါ။ နောက်ကျွန်တော်တို့ အနာကြီးရောဂါကင်းဝေးရေးလုပ်တဲ့အခါမှာ ပညာပေးတဲ့လုပ်ငန်းမှာ မီဒီယာတွေရှိတယ်။ သုတေသနလုပ်ငန်းလုပ်တဲ့အခါမှာ ရန်ကုန်ဆေးတက္ကသိုလ်တို့ နောက်ပြီးတော့ ဆေးသိပ္ပံပညာဦးစီးဌာနတို့ အဲဒါအပြင်ရန်ကုန်ဝိဇ္ဇာသိပ္ပံက စိတ္တဗေဒဌာနတို့ ပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ စိတ်နဲ့ နှီးနွှယ်တာဆိုတော့ဒီလိုမိတ်ဆွေတွေ၊ မိတ်ဖက်တွေပေါ့။ သုတေသနသမားတွေ၊ မီဒီယာသမားတွေ သူတို့နဲ့မိတ်ဖက်အဖွဲ့ဖွဲ့ပြီးတော့ သူတို့ကို Ownership ပေးလိုက်တာ။ သူတို့ကိုယ်တိုင် သူတို့အပိုင်းကို ပိုင်ပိုင်နိုင်နိုင်တာဝန်ယူပြီးတော့ ဆောင်ရွက်သွားနိုင်ကြတယ်။ 

 

ပိုအရေးကြီးတာကတော့ ဒီဟာတွေက ခဏအတွင်း တည်ဆောက်လို့ရပေမယ့် အနာကြီးရောဂါနဲ့ ပတ်သက်တဲ့ စနစ်ကိုတော့ နှစ်ရှည်လများအချိန်ယူပြီးမှ လုပ်ရတာ။

 

ကျစ်ကျစ်လျစ်လျစ်တည်ဆောက်

 

ဆရာကြီးပြောတဲ့ထဲမှာ ၁၉၇၈ ခုနှစ်ဝန်းကျင်က Integration  ပါ။ အနာကြီးရောဂါတိုက်ဖျက် ရေး ဝန်ထမ်းက တစ်နိုင်ငံလုံးမှာ ၉၀၂ ဦးလောက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ရွာပေါင်း ခြောက်သောင်း၊ ရှစ်သောင်း လောက်ရှိတယ်။ မြို့နယ်ပေါင်း ၃၃၀ ကျော်တယ်ဆိုတော့ ကျွန်တော်တို့အနာကြီးရောဂါတိုက်ဖျက်ရေး တစ်ခုတည်းနဲ့မလုပ်နိုင်ဘူး။ အခြေခံကျန်းမာရေး ဝန်ထမ်းတွေက ဒီလုပ်ငန်းနဲ့ပေါင်းစည်းပြီးတော့ တာဝန်ယူရတယ်။ ၁၉၇၈ ခုနှစ်မှာ ပေါင်းစည်းပြီးတော့ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့အတွေးအခေါ်တွေ၊သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ ဒါတွေတည်ဆောက်လာခဲ့တာ ဒီ Integration  က အရေးပါပါတယ်။ နောက်ဆုံးအချက်အနေကတော့ ဒီလိုရောက်အောင် အနာကြီးရောဂါ တိုက်ဖျက်ရေးအဖွဲ့ကိုကျစ်ကျစ်လျစ်လျစ် တည်ဆောက်ထားပြီးတော့မှ Strong Team ဖြစ်တယ်။ သူတို့ရဲ့ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီးတော့မှ ဒီလုပ်ငန်းတွေကိုကျန်တဲ့လူတွေပါ ပါလာအောင် ဝိုင်းပြီးတော့ စည်းရုံးပြီးတော့မှ လှုပ်ရှားခဲ့ပါတယ်။ ဒါကကျွန်တော်တို့ အနာကြီးရောဂါတိုက်ဖျက်ရေးဝန်ထမ်းတွေရဲ့ စွမ်းအားကလည်း အဓိကကျတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။ ဒီလိုအချက်တွေကြောင့် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာရောဂါကင်းဝေးရေး ရည်မှန်းချက်ပန်းတိုင်ကိုအနာကြီးရောဂါအဖြစ်များတဲ့ အိမ်နီးနားချင်း နိုင်ငံတွေထက် ပိုပြီးတော့ စောစောရခဲ့တာပါ။

 

အစီအစဉ်မှူး။ ။ လက်ရှိမှာဆိုရင် အနာကြီးရောဂါဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ သိပါရစေ။ဒေါက်တာချန်ထွန်းအောင် (ဒုတိယညွှန်ကြားရေးမှူး၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

 

အနာကြီးရောဂါကင်းဝေးရေးဆိုပြီး ၂၀ဝ၃ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ဆရာကြီးဦးကျော်ညွန့်စိန် လက်ထက်မှာ ကျွန်တော်တို့ကထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ အနာကြီးရောဂါကင်းဝေးရေးဆိုတာက ကျွန်တော်တို့ အနာကြီးရောဂါ မှတ်ပုံတင်ဖြစ်ပွားနှုန်း လူဦးရေတစ်သောင်းမှာ တစ်ယောက်အောက် လျော့နည်းကျဆင်းရေးဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အနာကြီးရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ကနေ ပယ်ဖျက်ခြင်းကို ခေါ်တာပါ။လုံးဝပပျောက်သွားတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆရာကြီးတွေ ပြောလေ့ပြောထရှိတဲ့မီးလောင်နေတဲ့ အနေအထားက အနာကြီးရောဂါဆိုတာ မီးညွန့်ကျိုးသွားတဲ့ အခြေအနေပဲရှိတယ်။ လက်ရှိ ပြောရမယ်ဆိုရင် အနာကြီးရောဂါဖြစ်ပွား နှုန်းက တစ်နှစ်ကို နှစ်စဉ် လူနာသစ် ၂၅၀ဝ ကနေ ၃၀ဝ၀ ကြား ထွက်နေပါတယ်။ အဲဒီလို ထွက်နေတဲ့ ၂၅၀ဝ၊ ၃၀ဝ၀ ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိဟာ မြင်သာထင်သာ သော ကိုယ်အင်္ဂါချို့ယွင်းမှုဖြစ်နေတဲ့ လူနာတွေဖြစ်ပါတယ်။ နောက်အဲဒီလို ထွက်နေတဲ့ လူနာသစ်တွေရဲ့ ၅ ရာခိုင်နှုန်းလောက်က ကလေးလူနာတွေဖြစ်နေပါတယ်။ ကူးစက်မှုဟာ ဆက်ပြီးတော့ရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

 

အစီအစဉ်မှူး။ ။ လက်ရှိ ဆရာကြီးတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအခြေအနေလေးကိုလည်း ရှင်းပြပေးစေလိုပါ တယ်။

 

ဒေါက်တာချန်ထွန်းအောင်။ ။ကျွန်တော်တို့အနာကြီးရောဂါနဲ့ ပတ်သက်ပြီးဆောင်ရွက်နေတဲ့လုပ်ငန်းတွေက အနာကြီးရောဂါ လူနာ၊ ဝေဒနာရှင်တွေကိုဖော်ထုတ်မယ်။ သူနဲ့ပတ်သက်ပြီး ပျောက်ကင်းစေတဲ့ဆေး MDT ကို အခမဲ့ရရှိအောင် ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။

 

ခန္ဓာကိုယ်ချို့ယွင်းမှုကာကွယ်

 

နောက်တစ်ချက်ကတော့ ကျွန်တော်တို့အနာကြီးရောဂါထူပြောပြီး အဖြစ်များတဲ့ကျေးလက်ကျန်းမာရေး ဌာန (၆၀) ကို နှစ်စဉ်၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ သုံးနှစ်ဆက်တိုက် လူနာရှာဖွေရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က အနာကြီးရောဂါဖြစ်တဲ့ လူနာတွေကို ခန္ဓာကိုယ်ချို့ယွင်းမှုကာကွယ်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပြီး ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ သာယာ ဝတီခရိုင်တွေမှာ အနာကြီးရောဂါသည်တွေနဲ့အတူနေတဲ့မိသားစုတွေကို ကာကွယ်ဆေးတိုက်ကျွေးရေးဆိုတဲ့ Research တစ်ခုကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ နောက်တစ်ခုကအနာကြီးရောဂါဝေဒနာရှင်တွေရဲ့ Distribution ပေါ့။

 

သူတို့ရဲ့ ပြန့်ပွားမှုအနေအထားကိုသိဖို့အတွက် Leprosy Mapping Projectဆိုတာကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။အနာကြီးရောဂါနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းမျိုးစုံကိုလည်း လုပ်ခဲ့ပါတယ်။ အနာကြီးရောဂါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကောင်းစွာစီမံပြီးနည်းပညာနဲ့ ဆောင်ရွက်နိုင်ဖို့ Technical Advisory Group (TAG)   ဆိုပြီးတော့ကျွန်တော်တို့ အနာကြီးရောဂါကျွမ်းကျင်တဲ့ ဆရာကြီးတွေ အငြိမ်းစားဆရာကြီးတွေ ဦးဆောင်တဲ့ အဖွဲ့ကနေပြီးတော့ အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

 

အစီအစဉ်မှူး။ ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့နဲ့ ၁၃ ရက်နေ့မှာနေပြည်တော်မှာရှိတဲ့ MICC-2 မှာ National Leprosy Conference 2018, Myanmarကျင်းပမယ်လို့လည်း သိရပါတယ်။ ဒီညီလာခံကိုကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ညီလာခံအကြောင်းလေးကိုလည်း ရှင်းပြပေးပါ။

 

ဒေါက်တာချန်ထွန်းအောင်။ ။ ဒီညီလာခံကြီးကိုကျွန်တော်တို့ကရည်ရွယ်ချက် သုံးချက်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ နံပါတ် (၁) က အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရင် Political Commitment ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာအသီးသီးရဲ့ ကတိကဝတ်တွေကို ရရှိအောင် ဆောင်ရွက်ဖို့။ နံပါတ် (၂)က အနာကြီးရောဂါ ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံတဲ့ ပစ်ပယ်ခြင်း လုံးဝမရှိဖို့။ နံပါတ် (၃)က အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ All Inclusive ပေါ့။ လူနာတွေရယ်၊ သူ့ရဲ့ အတူနေ မိသားစုတွေကို Community  လို့ခေါ်တဲ့ ပြည်သူလူထုတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှီးနွှယ်တဲ့ ဝန်ကြီးဌာနတွေအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ UN Agency တို့ WHO တို့၊ ဆရာကြီးတို့ရဲ့ ILEP ၊ American Leprosy Mission ၊ Novartis Foundation လိုဟာမျိုးတို့ ပြီးနောက် ပြည်တွင်းမှာရှိတဲ့ NGO တွေနောက်ပြီး မိတ်ဖက်အဖွဲ့အစည်းအသီးသီးတွေအကုန်လုံး ပါဝင်ဆောင်ရွက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။

 

ဒီညီလာခံကြီးကို ကျွန်တော်တို့ ကျင်းပဖြစ်တာကလည်း ကျွန်တော်တို့ရဲ့ Donar အဖွဲ့အစည်း မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ The Nippon Foundation ၊ Sasakawa Memorial Health Foundation ကျွန်တော်တို့ရဲ့ မိခင်ဌာနဖြစ်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဒီညီလာခံကနေ ရရှိမယ့်အကျိုးရလဒ် တွေကိုလည်းသိပါရစေရှင်။

 

ဒေါက်တာချန်ထွန်းအောင်။ ။ ဒီညီလာခံကြီးကရရှိ လာမယ့်အကျိုးရလဒ်ကတော့ နံပါတ် (၁) အနေနဲ့ ဒီအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ကတိကဝတ်တွေနဲ့ ကျွန်တော်တို့ရဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုတွေ၊ နံပါတ် (၂) အချက်ဆိုရင် အနာကြီးရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုမရှိဖို့၊ ပစ်ပယ်မှုမရှိဖို့အတွက် ဆောင်ရွက်နိုင်ဖို့ ၊ နံပါတ် (၃) အချက်အနေနဲ့ ပြည်သူလူထုအတွင်းမှာအနာကြီးရောဂါနဲ့ ပတ်သက်တဲ့ အသိအမြင်တွေသူတို့ရဲ့ ဗဟုသုတတွေ အတွေးအခေါ်တွေမှန်ကန်ပြီးတော့ အနာကြီးရောဂါ ပပျောက်ရေး၊ အနာကြီးရောဂါ ကင်းဝေးရေးလုပ်ငန်းတွေအကုန်လုံးကို တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းတွေရမယ်လို့ကျွန်တော် မျှော်လင့်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဆရာကြီးတို့ အနေနဲ့နောက်ထပ်ပြီး ဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောကြားပေးစေ လိုပါတယ်။

 

ဒေါက်တာတင်ရွှေ။ ။ နောက်ထပ်ပြီးတော့နှစ်ချက်၊ သုံးချက်လောက် ဖြည့်စွက်ပြီးတော့ ပြောကြားချင်ပါတယ်။ နံပါတ်(၁) အချက်က ကျွန်တော်တို့ ရောက်ရှိနေတဲ့ အခြေအနေသည် အနာကြီးရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးသွားတာပါ။ လုံးဝပပျောက်သွားတာ မဟုတ်သေး ဘူးဆိုတာ ပြည်သူကို သတင်းအမှန်ကို တင်ပြခြင်းဖြစ်ပါတယ်။ နံပါတ်(၂) က ကျွန်တော်တို့ အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းရဲ့တကယ့်မူလ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ အပါအဝင် တစ်က္ဘာလုံးမှာ အနာကြီးရောဂါလုံးဝကင်းမဲ့ရေး (Leprosy Free World) လို့ခေါ်တဲ့ အနာကြီးရောဂါ လုံးဝကင်းမဲ့သွားတဲ့အခြေအနေကို ရောက်ရှိလိုပါတယ်။ ဒါပေမယ့် ဘယ်တော့ရောက်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူး။ ဒါကြောင့် ပထမအဆင့်အနေနဲ့က ကမ္ဘာနဲ့အဝန်း မြန်မာနိုင်ငံအတွက်ပါ အနာကြီး ရောဂါနဲ့ ပတ်သက်တဲ့ ပြည်သူ့ကျန်းမာရေးပြဿနာနဲ့ လူမှုရေးဆိုင်ရာ ပြဿနာများအဖြစ်မှ တဖြည်းဖြည်းကင်းဝေးသွားအောင် ကျွန်တော်တို့ ဆောင်ရွက်ဖို့ဖြစ်တဲ့အတွက် နံပါတ်(၁)အနေနဲ့ အရေးအကြီးဆုံးက အနာကြီးရောဂါလူနာနဲ့ သူတို့ရဲ့မိသားစုများကို ဝိုင်းပယ်ခြင်း၊ သီးခြားခွဲခြားဆက်ဆံခြင်းမျိုးမလုပ်ဘဲနဲ့ သူတို့ကိုလည်း ဒီလူထုပြည်သူ့အသိုင်းအဝိုင်းထဲက လူတစ် ယောက်လို ပါဝင်ဆက်ဆံမှုဟာ အများကြီးအရေးကြီးပါတယ်လို့ တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ဒေါက်တာကျော်ညွန့်စိန်။ ။ ဆရာကြီးပြောသွားတဲ့ ထဲမှာ ခွဲခြားဆက်ဆံမှု လူနာနဲ့ လူနာမိသားစု၊မိသားစုဆိုပေမယ့် တစ်ခါတလေ ဆွေမျိုးတောင်မှ ပါပါတယ်။ ဒါတွေကို ခွဲခြားဆက်ဆံမှု ဆိုတာကဒီလူနာတွေကိုယ်တိုင် ရောဂါရှိမှန်းသိပြီးတော့ ထွက်လာပြီး ဆေးကုသခံဖို့အတွက်လည်း အနှောင့်အယှက် ဖြစ်ပါတယ်။ အနာကြီးရောဂါဆိုတာက လူတွေမြင်ကြတာက ခန္ဓာကိုယ်တွေ ချို့ယွင်းနေမှ၊ ပျက်စီးနေမှ အနာကြီးရောဂါလို့ ထင်ကြတာ လူမသိ သူမသိ ပခုံးမှာ၊ တင်ပါးမှာ အကွက်လေးတွေရှိတာကလည်း အနာကြီးရောဂါပါပဲ။

 

မီးစတွေ ငြိမ်းနိုင်မှာဖြစ်ဒါပေမယ့် အများအမြင်မှာတော့ သာမန်အောက်မေ့တာ နောက်တစ်ခုက အနာကြီးရောဂါဆိုတာ ဆေးကုသရင် ပျောက်ကင်းတယ်၊ ပျောက်ကင်းပေမယ့် ကျန်တဲ့သူတွေက သူ့ကို ရောဂါသည်လို့ပဲ ဆက်ပြီးတော့ သတ်မှတ်ထားကြတယ်။ သတ်မှတ်တာ ခံရတယ်။ အဲဒါတွေကြောင့် အနာကြီးရောဂါရှိတဲ့ သူတွေက ဖုံးကွယ်ကြတယ်။အဲဒါကြောင့် ရှေ့ထွက်လာဖို့ရာ ကြောက်ကြတယ်။ ဒါကြောင့်မို့လို့လည်း ခွဲခြားဆက်ဆံတာကိုဖယ်လိုက်မှ ဆရာပြောတဲ့ မီးညွန့်ကျိုးပြီးတော့ကျန်တဲ့မီးစတွေကို ငြှိမ်းနိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ခွဲခြားဆက်ဆံမှုရှိနေရင် အဲဒီပြဿနာကြီးဟာ ဆက်ရှိနေဦးမယ်။ နောက်တစ်ခုက ခွဲခြားဆက်ဆံလိုက်တဲ့အတွက် လူမှုရေးကိစ္စ၊ ပညာရေးကိစ္စ၊ စီးပွားရေး ကိစ္စ ဒါတွေလည်း ထိခိုက်တယ်။ အဲဒီတော့အနာကြီးရောဂါရှိတယ်၊ ခန္ဓာကိုယ်လည်း ချို့ယွင်း ရင် ချို့ယွင်းမယ်၊ ဒါပေမယ့် ဦးနှောက်ကမထိခိုက်ဘူး။ အနာကြီးရောဂါပိုးက ဦးနှောက်ကို သွားပြီး မဖျက်ဆီးဘူး။ အဲဒီတော့ သူတို့မှာပညာသာ ကောင်းကောင်းသင်ရမယ်၊ အခွင့်အလမ်း ကောင်းကောင်းရမယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံသား၊မြန်မာနိုင်ငံသူ သူတို့မိသားစု အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် သူတို့စွမ်းဆောင်နိုင်တဲ့ အခွင့်အလမ်းတွေရှိမယ်။ အဲဒီလို ခွဲခြား ဆက်ဆံလိုက်တဲ့အတွက် ဒီအခွင့်အလမ်းတွေလူနာ အတွက်ရော၊ လူနာမိသားစုအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ထိခိုက်နေတာ ဖြစ်ပါတယ်။ ။ 

 

နန္ဒာဝင်း၊ မီမီဖြိုး
ဓာတ်ပုံ-လှမိုး