မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိအကျဉ်းသား၊အကျဉ်းသူ (၄၀) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ဘားအံ ဧပြီ ၁၇

မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှ လုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအား ဖြင့်လည်း ကောင်း ထိုက်သင့်သောပြစ်ဒဏ်များကိုကျခံပြီးသည့်အပြင် စည်းကမ်းကောင်း မွန်စွာနေထို င်ကြသော အကျဉ်းသား၊အကျဉ်းသူများကို စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၄၀ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား (၃၆)ဦး၊ အကျဉ်းသူ(၄)ဦး  စုစုပေါင်း ၄၀  ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်မြောက် အကျဉ်းသား၊အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးချစ်လွင်၊ ဘားအံအကျဉ်းထောင်တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်လက်မှတ်နှင့် ခရီးစရိတ်၊ လုပ်အားရှင်ခံစားခွင့်စရိတ်များ ပေးအပ်၍ ကတိခံဝန်ချက်လက်မှတ် ရေးထိုးစေကာ ယနေ့တွင်လွတ်ပေးခဲ့ရာ ၎င်းတို့၏ ဆွေမျိုး၊ မိဘ၊ ညီအစ်ကိုမောင်နှမများက ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)