မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ဆင်ပေါင်ဝဲဘဏ်ခွဲ)မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၃၂ ဒသမ ၆၅ သန်းကျော် ထုတ်ချေး

ဆင်ပေါင်ဝဲ       စက်တင်ဘာ     ၂၈

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း မိုးသီးနှံစိုက် တောင်သူများအား ၂၀၂၁ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆင်ပေါင်ဝဲမြို့နယ်ဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်အထိ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ တောင်သူ ၂၂၄၁ ဦး၏ မိုးစပါးစိုက်ဧက ၃၂၄၃ နှင့် အခြားသီးနှံစိုက်ဧက ၉၄၆၂ တို့အတွက် ထုတ်ချေးငွေ ကျပ် ၁၄၃၂ ဒသမ ၆၅ သန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်
ပြီးသည့် တောင်သူများအား ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက် ထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းတို့ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)