မြန်မာ့လက်ရွေးစင်အသင်း မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိ

၁၂ မတ်
    

 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာခြေစမ်းပွဲများအတွက် မတ် ၁၁ ရက်မှစ၍ မန္တလေးမြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည်။
    

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယမန်နေ့မှစ၍ လေ့ကျင့်လျက်ရှိပြီး ပဏာမကစားသမား ၃၀ နီးပါး ရွေးချယ်ထားသော်လည်း AFC Cup ပြိုင်ပွဲကြောင့် လူစုံခြင်းမရှိသေးဘဲ မတ် ၁၄ ရက်မှသာ လူစုံလေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ပဏာမကစားသမား ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း နောက်တန်းအစွန်လူများဖြစ်သည့် ဟိန်းနေဆန်း (ရတနာပုံ)နှင့် ကျော်ဇင်လွင် (ဧရာဝတီ) တို့ကို ထပ်မံအားဖြည့်ရွေးချယ်ခဲ့သောကြောင့် ပဏာမကစားသမား ၂၉ ဦးအထိ ရှိလာခဲ့သည်။ ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းမှာလည်း ရန်ကုန်အသင်းနှင့်အတူ AFC Cup ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေရသောကြောင့် မတ် ၁၄ ရက်မှသာ အသင်းကို စတင်ကိုင်တွယ်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများအဖြစ် မတ် ၁၉ ရက်တွင် တရုတ်တိုင်ပေအသင်း၊ မတ် ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
    

 

မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ - ဦးမြင့်သိန်း(ရန်ကုန်)၊ နည်းပြချုပ် - ဦးမျိုးမင်းထွန်း(ရန်ကုန်)၊ လက်ထောက်နည်းပြ - ဦးဇော်လင်းထွန်း(စစ်ကိုင်း)၊ ဦးစိုးမိုး(ဧရာဝတီ)၊ ကြံခိုင်ရေးနည်းပြ - ဦးမျိုးလှိုင်ဦး(ရန်ကုန်)၊ ဂိုးနည်းပြ - ဦးစိုင်းမောင်မောင်ဦး(ရတနာပုံ)၊ ကစားသမားများအဖြစ် ဂိုးသမား - ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး(ဧရာဝတီ)၊ နိုင်ဇေယျာထွန်း(ဇွဲကပင်)၊ နောက်တန်း - ဒေးဗစ်ဒန်း၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်(ရှမ်း)၊ သက်နိုင်၊ ဇော်ရဲထွန်း၊ ဟိန်းနေဆန်း(ရတနာပုံ)၊ ဇော်မင်းထွန်း(ချောင်ဘူရီ)၊ ငြိမ်းချမ်း(ရခိုင်)၊ ပြည့်ဖြိုးဇော်၊ မင်းကျော်ခန့် (ရန်ကုန်)၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ အလယ်တန်း - လှိုင်းဘိုဘို(ရတနာပုံ)၊ မောင်မောင်ဝင်း (ဇွဲကပင်)၊ ချမ်းဦး(ရခိုင်)၊ လားဒင်မောရ(ဟံသာဝတီ)၊ ရန်နိုင်ဦး(ရှမ်း)၊ သီဟဇော်(ဧရာဝတီ)၊ အောင်လှိုင်ဝင်း၊ ကျော်စွာမင်း(စစ်ကိုင်း)၊ မောင် မောင်လွင်၊ ငြိမ်းချမ်းအောင်(ရန်ကုန်)၊ ရှေ့တန်း - အောင်သူ(မြောင်တောင်)၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်(ရှမ်း)၊ အောင်မြင့်ထွန်း(မကွေး)၊ ဝင်းနိုင်စိုး(ရတနာပုံ) တို့ ပါဝင်ကြသည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်