မြန်မာ့လက်ရွေးစင်အမျိူးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအကြို တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်

၂၄  အောက်တိုဘာ

 

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံသို့ ရှစ်ရက်ကြာ သွားရောက်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၈ရက်တွင် သွားရောက်မည်ဖြစ်ပြီ ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်အမျိုးသမီး လိဂ်ချန်ပီယံအသင်းဖြစ်သည့် Jiangsu Suning Women’s FC နှင့်ခြေစမ်းပွဲ(၁)ပွဲ၊ China Women’s Youth Selection Teamနှင့် ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မူလက နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပျက်ပြယ်ခဲ့သောကြောင့် တရုတ်ခြေစမ်းခရီးစဉ်ကို ရက်အပြောင်းအလဲပြုလုပ်ကာ နိုဝင်ဘာ ၈ ရက်တွင် သွားရောက်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခရီးစဉ်အပြီးတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၁၆ ရက်တွင် စတင်လေ့ကျင့်လျက်ရှိပြီး ယခုလကုန်အထိ ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ နိုဝင်ဘာမှ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ ဇူးလတ်နဒီ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ ဇွန်ယုယဦး၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ မြတ်နိုးခင်၊ မိုးမိုးသန်း၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ