မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်လူရွေးချယ်

၁၇  နိုဝင်ဘာ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမား ၂၀ ဦးကို ရွေးချယ်လိုက်ပြီဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့်  မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး-မြဖူးငုံ၊ မေဇင်နွယ်၊ နောက်တန်း-ဖြူဖြူဝင်း၊ ခိုင်သဇင်၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဝေဝေအောင်၊ အေးအေးမိုး၊ အိရတနာဖြိုး၊ အလယ်တန်း-ခင်မိုးဝေ၊ ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ နုနု၊ မြတ်နိုးခင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိဂီထွန်း၊ စန်းသော်သော်နှင့် ရီရီဦးတို့ပါဝင်ကြသည်။ 

မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ်အပြီးတွင် အပြီးသတ်လူစာရင်းကို ကြေညာခဲ့ခြင်းဖြစ်ပြီး မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ ခိုင်သဇင်ဦး၊ လဲ့လဲ့လှိုင်၊ မေသက်မွန်မြင့်၊ သန္တာဦး (ဂိုး)နှင့် ခင်မျိုးဝင်းတို့ ချန်လှပ်ခံခဲ့ရသည်။ အပြီးသတ်လူစာရင်းတွင် ယူ-၁၉ အသင်းမှ စန်းသော်သော်၊ မြတ်နိုးခင်နှင့် ဖြူဖြူဝင်းတို့ ပါဝင်လာပြီး စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများကို ပေါင်းစပ်ရွေးချယ်ထားခြင်းဖြစ်သည်။  မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် နိုဝင်ဘာ ၁၈ ရက် (ယနေ့) စတင်လေ့ကျင့်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်