မြန်မာ့စီးပွားဘဏ်(ထားဝယ်ဘဏ်ခွဲ)က ပင်စင်လစာများကိုထုတ်ပေး လျက်ရှိ

ထားဝယ် ၂၁ စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ မြန်မာ့စီးပွားဘဏ်(ထားဝယ်ဘဏ်ခွဲ)တွင် ပင်စင်ထုတ် ယူမည့်ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရေး  ရည်ရွယ်ပြီး ပင်စင်ထုတ်ပေးနေသည့် ကာလအတွင်း ပင်စင်ထုတ်ယူရေး အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊  မြန်မာ့စီးပွားဘဏ်အနီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပင်စင်လစာများကို ထုတ်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေပြီး ယနေ့တွင် အငြိမ်းစားဝန်ထမ်း(၉၁၆)ဉီးအား ပင်စင် လစာထုတ်ပေးပြီး ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဒေါ်ခင်သန္ထာဆင့် ထံမှသိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်ထုတ်ယူသော ပင်စင်စားများကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း များက ကိုယ်အပူချိန်တိုင်းပေးခြင်း ၊ လက်သန့်စင်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းများ ကိုဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)