မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မြန်မာနိုင်ငံသား ခရီးသည်များအတွက် မြန်မာကျပ် (MMK) ဖြင့် ပြည်တွင်း ပြည်ပ လက်မှတ်များကို Website တွင် စတင်ရောင်းချ

နေပြည်တော် ၅ မတ်

မြန်မာအမျိုးသားလေကြောင်း၏ Website ဖြစ်သည့် www.flymna.com တွင် ပြည်တွင်းပြည်ပ ခရီးစဉ်များကို မြန်မာကျပ်( MMK)ဖြင့်  မတ်လ ၅ ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ထိုသို့ (မြန်မာကျပ်(MMK)ဖြင့် ရောင်းချခြင်းသည် မြန်မာနိုင်ငံသားများအတွက်သာ ဖြစ်သည်ဟု သိရသည်။ မကြာမီမြန်မာအမျိုးသားလေကြောင်း Mobile Application တွင်လည်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ Website ပေါ်တွင် ခရီးစဉ်ရွေးချယ်သည့်အခါ Local ခလုတ်နှိပ်၍ မြန်မာကျပ်(MMK)ဖြင့် ကြည့်ရှုနိုင်ပြီး Foreigner ခလုတ်ကိုနှိပ်၍ USD ဖြင့်လည်း ခရီးစဉ်ဈေးနှုန်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်း Website တွင် မတ်လ ၆ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အတွင်း လေယာဉ်လက်မှတ် ဝယ်ယူသော ခရီးသည်များသည် အထူးလျှော့ဈေး ၁၅ ရာခိုင်နှုန်း ခံစားခွင့်ရှိမည်ဟုလည်း သိရသည်။ ခရီးသွားကာလကို ၂၀၂၀ခုနှစ် မတ်လ ၆ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး မြန်မာကျပ်(MMK)ငွေ ပေးချေမှုကို 123 Service နှင့် MPU card များဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျိုင်းလော