မြန်မာ့အမွေအနှစ် ပုဂံမှ ကမ္ဘာ့အမွေအနှစ် ပုဂံသို့ တက်လှမ်းရန် နှလုံးသားထဲက ပုဂံ ဓာတ်ပုံပြပွဲပြုလုပ်

မန္တလေး ၂ မတ်

 

မြန်မာ့အမွေအနှစ် ပုဂံမှ ကမ္ဘာ့အမွေအနှစ် ပုဂံသို့ တက်လှမ်းရန် ကြိုးစားအားထုတ်သောအားဖြင့် World Heritage Bagan 2019 အား ကြိုဆိုသော အထိမ်းအမှတ်အဖြစ် နှလုံးသားထဲက ပုဂံ ဓာတ်ပုံပြပွဲကို ပုဂံမှာ ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

 

နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲကို မင်းနန်သူကျေးရွာ လေးမျက်နှာ ကျောင်းတိုက်စေတီရင်ပြင်မှာမတ်လ ၂ ရက်မှ မတ်လ ၄ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ပုဂံဒေသကို နှလုံးသားနဲ့ ချစ်တတ်လာတဲ့ ဓာတ်ပုံပညာရှင်တွေ၊ ဝါသနာရှင်တွေ စုပေါင်းပြီး ပါဝင်တဲ့ ပွဲဖြစ်ပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်မှ ပြောသည်။

 

ပုဂံဒေသရှိ အဆောက်အအုံများ၊ ဗိသုကာလက်ရာများ၊ အနုပညာလက်ရာများ၊ သဘာဝရှုခင်းများ၊ ရိုးရာပွဲတော်များ၊ ပုဂံဒေသ အလေ့အထများ ကမ္ဘာတစ်ဝှမ်းကပါ သိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် သည်ဟု သိရသည်။ 

 

 

ပုဂံကိ်ုချစ်သော ဓာတ်ပုံဆရာ ၁၀ဝ ၏ ဓာတ်ပုံ ၂၀ဝ ကို ပြသမည်ဖြစ်သည်။ ပြပွဲတွင် ဓာတ်ပုံတစ်ပုံကို တစ်သိန်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ရောင်းချရသည့်ငွေကို ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဆောင်ရွက် ရာတွင် အသုံးပြုမည့် ရန်ပုံငွေအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်