မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း နှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူများဖိတ်ခေါ်

ရန်ကုန်  ၁၅  အောက်တိုဘာ

 

အားကစားနည်းပေါင်းစုံမှ ရွှေခေတ် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းကြီးများ အပါအဝင် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ ပဉ္စမအကြိမ်မြောက် အသင်းသားစုံညီ တွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

အဆိုပါ တွေ့ဆုံပွဲထိမ်းအမှတ်အဖြစ် နှစ်ပတ်လည်မဂ္ဂဇင်းကိုလည်း ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ နှစ်ပတ်လည် မဂ္ဂဇင်းကို အားကစားဆောင်းပါး၊ ဝတ္ထုကဗျာကာတွန်းများ၊ ဓာတ်ပုံမှတ်တမ်းများဖြင့် အဆင့်မီ မဂ္ဂဇင်းတစ်စောင်အဖြစ် ဝေဝေဆာဆာ ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

စာမူပေးပို့လိုသူများသည် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကာနှင့် သိပ္ပံဝင်းအတွင်းရှိ အသင်းရုံးသို့ လာရောက်ပေးပို့နိုင်ကြပြီး ဖုန်း ဝ၉-၈၃၂၃၄၅၆၊ ဝ၉-၄၉၃၀ဝ၅၂၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အာကာစိုး