မြန်မာ ယူ-၂၂ အသင်း ခြေစမ်းပွဲများ ကစားရန် ကာတာနိုင်ငံသို့ ထွက်ခွာ

၂၁  အောက်တိုဘာ

 

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ကာတာနိုင်ငံ၌ ခြေစမ်းပွဲများကစားရန် ယနေ့နံနက်ပိုင်းက ကာတာနိုင်ငံ ဒိုဟာမြို့သို့ ထွက်ခွာသွားသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ-ဦးမင်းလှိုင်၊ နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊  ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊  စိုးအာကာ (မကွေး)၊  ဇင်ညီညီအောင်(အား/ကာသိပ္ပံ)၊ နောက်တန်း-ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ (ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ သူရိန်စိုး (ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ပြည့်စုံနိုင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ရှေ့တန်း-  ထက်ဖြိုးဝေ (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၂၂ အသင်းသည်   နိုဝင်ဘာ ၁ ရက်အထိ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေစမ်းပွဲများအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် နီပေါ ယူ-၂၂ အသင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ကာတာကလပ် အယ်လ်အိုဝေနာအသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ဒိုဟာမြို့သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF