မြန်မာ ယူ-၁၅ အသင်း တရုတ်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ထွက်ခွာ

ရန်ကုန် ၃ ဧပြီ

 

၂၀၁၉ တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် မြန်မာ ယူ-၁၅ အသင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

 

တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် တရုတ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  မြန်မာအသင်းသည် ဧပြီ ၆ ရက်တွင် တရုတ်အသင်း၊ ဧပြီ ၈ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းတွင် အုပ်ချုပ်သူ- ဦးညီညီလတ်၊ နည်းပြချုပ်- တာကူမူ၊ လက်ထောက်နည်းပြ- ဦးတင်မောင်ဝင်း၊ ကြံ့ခိုင်ရေးနည်းပြ- အီဘာဂါ၊ ဂိုးနည်းပြ- ဦးကိုကို၊ ကစားသမားများအဖြစ် ဂိုး- ထက်အာကာဝင်း၊ ဟံသာလင်း၊ အောင်ကျော်ဖြိုး၊ နောက်တန်း- အောင်ကိုမင်း၊ ထွန်းထွန်းဝင်း၊ ထူးမြတ်ခန့်၊ ကောင်းထက်ပိုင်၊ ရဝေကျော်၊ အလယ်တန်း- ကျော်မင်းခန့်၊ ကောင်းဇော်လင်း၊ ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ ထက်အောင်ဝင်း၊ ကောင်းစစ်ထူး၊ ရှေ့တန်း-  ကျော်သူရဦး၊ ဝေဖုန်းမြတ်ကျော်၊ သီဟအောင်၊ ဟိန်းထက်ဇော်ဝင်း၊ ရန်နိုင်ထွန်း၊ မင်းသူ၊ ဇင်မျိုးအောင်၊ မင်းခန့်သူတို့ ပါဝင်ကြောင်း သိရသည်။

 

ညီမြတ်သော်တာ