မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်မြေ(၂)၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ခမောင်းဆိပ် ရဲကင်းစခန်းမှ ရဲအုပ် အောင်ရွှေသိန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Mongjoypara ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Ruhul Amin  ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်မှ ၁၁ နာရီ မိနစ် ၅၀ အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၄၁/၂)မှ(၄၂)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
 

(ရဲပြန်ကြား)