မြန်မာ-အိန္ဒိယ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည့် အိန္ဒိယပညာရှင်(၅)ဦး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုလေ့လာ

 

 

နေပြည်တော်    မေ     ၁၇

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ရုံးအမှတ်(၂၁) နေပြည်တော်၌ မေ(၁၆) ရက်မှ (၁၇)ရက်အထိ ကျင်းပသည့် မြန်မာ-အိန္ဒိယ သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်း အဝေးသို့ တက်ရောက်ကြသည့် အိန္ဒိယပညာရှင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြသည်။

 

အဆိုပါအဖွဲ့တွင် အိန္ဒိယသမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr. Praveen Kumar Somasundaram ဦးဆောင်၍ အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စားလှယ်၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကိုယ်စားလှယ်နှင့် နေပြည်တော်ရှိ အိန္ဒိယဆက်ဆံရေးရုံး ကိုယ်စားလှယ်တို့ ပါဝင်လေ့လာကြ ကြောင်း သိရသည်။

(သတင်းစဉ်)