မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် Proposal (၂၂)ခုနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် ထပ်မံဖြည့်စွက် ဆောင်ရွက်ရန်၊ စီမံချက်များ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မြေနေရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်နိုင်ရေး ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ်အစိုးရအနေဖြင့် စာချွန်လွှာပါ Proposal တွင် ပါရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ ဦးစီးဆောင်ရွက်ရမည့် လုပ်ငန်းများအပြင် ပူးပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း ကြပ်မတ် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)