MNL ကလပ်အသင်းများ ရာသီကြိုခြေစမ်းပွဲကစား

၂၁ ဒီဇင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် ကလပ်အသင်းများသည် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။    

        

ဧရာဝတီအသင်းသည် စစ်ကိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်သင်းစလုံး အမာခံကစားသမားများအပြင် ခြေစွမ်းပိုင်းစမ်းသပ်နေသည့် နိုင်ငံခြားသား ကစားသမားများကိုလည်း အသုံးပြုခဲ့သည်။ ခြေစွမ်းပိုင်းကွာခြားချက်မရှိသလို အပြန်အလှန် သွင်းဂိုးများကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ ပွဲအစ ၃၊ ၄ မိနစ်တွင် ကျော်စွာမင်းက စစ်ကိုင်းအတွက် နှစ်ဂိုးဆက်သွင်းခဲ့သောကြောင့် ဧရာဝတီအသင်း နောက်မှလိုက်ကစားခဲ့ရသည်။ ပထမပိုင်းမှာပင် ဧရာဝတီအသင်း ချေပဂိုးပြန်ရခဲ့ပြီး မိနစ် ၃၀ တွင် တင်ဝင်းအောင်၊ ၃၈ မိနစ်တွင် သန်းထက်အောင်တို့က ပြန်လည်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဧာရာဝတီအတွက် အနိုင်ဂိုးကို ၇၆ မိနစ်တွင် ရာဇာအောင်က သွင်းယူခဲ့သည်။  

         

ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရာသီကြိုခြေစမ်းပွဲဖြစ်သောကြောင့် နှစ်သင်းစလုံး ကစားသမားများ ပြောင်းလဲအသုံးပြုခဲ့ပြီး ၃၆ မိနစ်တွင် ဇွဲသက်ပိုင်က ရှမ်းယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းအစ ၄၉ မိနစ်တွင် ရှမ်းအသင်းက ဒုတိယဂိုးထပ်ရခဲ့ပြီး ရဲမင်းသူက သွင်းယူခဲ့သည်။ မိနစ် ၈၀ တွင် ဟံသာဝတီအသင်း ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူး ဒိုနယ်က သွင်းယူခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ