မန်ချက်စတာဒါဘီပွဲစဉ်တွင် နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည့် မန်ယူ

mdn

၈ ဒီဇင်ဘာ

 

ပရီမီယာလိဂ် ပွဲစဉ် (၁၆) ပွဲစဉ်များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့၏ မန်ချက်စတာဒါဘီပွဲစဉ်တွင်  မန်ယူအသင်းက အဝေးကွင်းမှာ တစ်ဂိုး နှစ်ဂိုးရလဒ်ဖြင့် အနိုင် ရရှိခဲ့သည်။

 

မန်ယူအသင်း၏ သွင်းဂိုးများကို ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ပင်နယ်တီမှတဆင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၂၉ မိနစ်တွင် မာစီယဲလ် တို့က ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်း ပွဲချိန် ၈၅ မိနစ်တွင် အော်တာမန်ဒီက သွင်းယူခဲ့သည်။

 

မန်ယူအသင်းမှာ ယခုပွဲစဉ်အနိုင်ကြောင့် အမှတ်ပေးဇယား၏ အဆင့် (၅)နေရာအထိ တက်လှမ်းလာနိုင်ခဲ့သလို မန်စီးတီးအသင်းမှာ ပွဲစဉ် (၁၆)အပြီးတွင် အဆင့် (၁)နေရာရပ်တည်နေသည့် လီဗာပူးအသင်းနှင့် ရမှတ် ၁၄ မှတ်အထိ ကွာဟသွားခဲ့သည်။

 

ပရီမီယာလိဂ် ပွဲစဉ် (၁၆) ရလဒ်များ

 

အဲဗာတန် ၃ - ၁ ချယ်လ်ဆီး

ဘုန်းမောက် ဝ - ၃ လီဗာပူးလ်

စပါး ၅ - ဝ ဘန်လေ

ဝက်ဖို့ဒ် ဝ - ဝ ခရစ္စတယ်ပဲလေ့စ်

မန်စီးတီး ၁ - ၂ မန်ယူ

 

MDN