မင်းတပ်မြို့နယ်၌ မီးထွန်းထားသည့် ဘက္ထရီအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

မင်းတပ်မြို့နယ်၊ တောထဲကျေးရွာနေ ဂေရွှီ(၆၀)နှစ်၏ နေအိမ်၌ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မင်းတပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မီးထွန်းထားသည့် ဘက္ထရီအိုး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၂၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်အတွင်း အိပ်နေသည့် ၎င်း၏သားဖြစ်သူ မောင်ရွှီနိုင်း (၅)နှစ်နှင့် မောင်ရွှီမောင်း (၂)နှစ်တို့ ၂ ဦးတွင် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ဂေရွှီတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဂေရွှီအား မင်းတပ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား