မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

ဩဂုတ် ၃၁ ရက် မှအဆက်
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်သေသွားတော့မှ ဖိုးပါကြီးနဲ့မေရီမြင့်နဲ့ ပြန်ပေါင်းတာ။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့ ။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော့်အခန်း နည်းတဲ့အတွက် အောက်က ပရိသတ်က ဝေဖန်ကြတယ်ပေါ့ ဆရာရယ်၊ နောက်တော့ ကျွန်တော် အဲဒီ ချစ်ဖေဖေ’’ မှာ ဆရာဦးချင်းစိန်ကနေပြီးတော့ မောင်မြင့်စိုး မင်းကိုပြန်ရိုက် မယ်။ ချစ်ဖေဖေ’’ ရိုက်မယ်ဆိုတော့ ကိုသန်းနွဲ့တို့၊ ဖိုးပါလေးတို့၊ ပါနောက်တို့ ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ဆရာဦးချင်းစိန်က ပြဇာတ်ကိုပြန်တင်တဲ့ ဇာတ်ကား ဖြစ်နေတော့ ပြဇာတ်ထဲမှာ အောင်မြင်သလို မောင်မြင့် ကျွန်တော့် ကို ပျောက်သွားတဲ့နေရာမှာ ရန်ကုန်မြို့ကို တက်လာပြီးတော့ ပျောက်သွား တော့ လူရွှင်တော်တွေက လိုက်ရှာတာ မောင်မြင့်စိုးလေးရေ ဆိုပြီး။
ကြည်စိုးထွန်း ။ ။ ဟုတ်ပြီ။
(ကြည်+မြင့်) - မြင့်စိုးရေ မောင်မြင့်စိုးလေးရေ။
မင်းသားကြီးမြင့်စိုး ။ ။ လိုက်ရှာတာ ဟာသပေါ့ဆရာရယ် ။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး ။ ။ လိုက်ရှာတော့ ဇာတ်ကားကြည့်ပြီးတဲ့လူက အဲ့ဒါ အော်ပြီးတော့ ထွက်လာကြတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ် မြင့်စိုးလေးရေ မောင်မြင့်စိုးလေးရေ။
မင်းသားကြီးမြင့်စိုး ။ ။ မြို့ထဲမှာလည်း ဒီလိုပဲအော်နေကြတယ် ။ ကျွန်တော့် အိမ်ရှေ့မှာလည်း မြင့်စိုးရေ မောင်မြင့်စိုးလေးရေ လာအော်တော့တယ်။ ကာတွန်းဆရာတွေက ဘာရေးလဲဆိုတော့ မြင့်စိုးရေ မောင်မြင့်စိုးရေ ကြွက်ဖြူ လေးရေဆိုပြီး ကာတွန်းတွေ ရေးကြတယ်ပေါ့။ ကျွန်တော်လည်း အဲဒီဆရာ ဦးချင်းစိန်ရဲ့ ကျေးဇူးကြောင့် မြင့်စိုးက နာမည်ကြီးသွားတာပေါ့။
ကြည်စိုးထွန်း ။ ။ ဟုတ်တာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ နာမည်ပါရသွားတယ် ဆရာရယ်။ ဆရာ ဦးချင်း စိန်ကျေးဇူး မမေ့ပါဘူးဆရာ။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်၊ ကျွန်တော်လည်း အဲဒါလေး သတိထား မိတယ်။ မြင့်စိုးရေ မောင်မြင့်စိုးလေးရေ ရယ်လည်းရယ်ရတယ်။ ရန်ကုန်မြို့ မှာ လူတစ်ယောက်ကို လိုက်ရှာတာ အဲဒီလို လိုက်အော်ပြီးတော့ လိုက်ရှာ တာဆိုတော့ ရယ်ရတာပေါ့ဗျာ ။
မင်းသားကြီးမြင့်စိုး ။ ။ လိုက်အော်ပြီးတော့ ရှာ၊ တွေ့တဲ့လူကို ခင်ဗျားမြင့်စိုး လား၊ မြင့်စိုးလားဆိုပြီးတော့ မေးတယ်ဆရာ။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး ။ ။ ကိုသန်းနွဲ့ ကျေးဇူးပေါ့ ဆရာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့ဗျာ ကြာလှပြီ။
မင်းသားကြီးမြင့်စိုး ။ ။ ကိုသန်းနွဲ့တို့ ဖိုးပါလေးတို့။
ကြည်စိုးထွန်း ။ ။ အဲဒါက ချစ်ဖေဖေ၁၉၅၇ ခုနှစ်မှာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်ဆရာ ။
ကြည်စိုးထွန်း ။ ။ အဲဒီမှာရိုက်ပြီးတော့ မြညွန့်ရုပ်ရှင်နဲ့ ဦးဘချစ်လည်း ပါတယ်နော်၊ မေရီမြင့်ပါတယ်၊ မေမြပါတယ်။ မေသန်းကြည်ဆိုတာ ရှိသေး တယ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ မေသန်းကြည်လည်း ပါတယ်။
ကြည်စိုးထွန်း ။ ။ မေသန်းကြည်က ပါနောက်ရဲ့ ဇနီး၊ ပါနောက်က စိုးမြင့်ဆိုပြီးတော့ ရိုက်သေးတယ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဒါရိုက်တာ စိုးမြင့်ဆိုပြီး အသံတိတ်ကားတွေ အများကြီး နာမည်ရတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ သူ့ကားတွေလည်း ကျွန်တော်တို့ ကြည့်ဖူး တာပေါ့။ ရွှေဘ၊ တင်ညွန့်၊ မေသန်းကြည် အဲဒါတွေ ကျွန်တော်တို့ ကြည့်ဖူး တယ်။ မေသန်းကြည်က သူ့ဇနီးပေါ့နော်။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ ဒါရိုက်တာအေဝမ်းပါနောက် ရိုက်တဲ့ ရိုက်ကွက်နဲ့ ပတ်သက်လို့ ဆရာ့ကို တင်ပြလို့ ရမလား။
ကြည်စိုးထွန်း ။ ။ ပြောပါဦးခင်ဗျ ကြားရတာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ကြုံလို့ပါဆရာ၊ ဆရာဦးချင်းစိန်ကနေ ပြီးတော့ ချစ်ဖေဖေ’’ ဇာတ်လမ်းအရ နောက်ဆုံးကျတော့ ဦးဘချစ်ကြီးက အဖေပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး ။ ။ ချစ်ဖေဖေ’’ မှန်းသိသွားတော့ ဇာတ်ကသိမ်းသွားပြီ။ သိမ်းသွားတော့ ဆရာဦးချင်းစိန်က ဘာပြောလဲဆိုတော့ သူ့အိမ်မှာ ငါ့ဇာတ်ထုပ်ကတော့ ဇာတ်လမ်းက ပြီးသွားပြီကွာတဲ့၊ သန်းနွဲ့ကလည်းဟာသ လေးတွေ တတ်တာကိုး။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်ရယ်၊ ကိုသန်းနွဲ့ရယ်၊ ကိုပါနောက်၊ ကိုစိုး မြင့်ရယ် ထိုင်နေတုန်းမှာ သန်းနွဲ့ရေတဲ့ ငါ့ကို ending happy ending လေး လုပ်ချင်တယ်ကွာတဲ့၊ plot တစ်ခုလောက် ရယ်စရာလေး တစ်ခုလောက်ထည့်ပေး စမ်းပါကွာတဲ့။ ဦးသန်းနွဲ့က ခေါင်းကုတ်ပြီးတော့ ခက်တယ်ဆရာရယ်တဲ့၊ new plot ဆိုတော့ အခန်းတစ်ခန်း အသစ်လုပ်ရမယ်ဆိုတော့ subject နဲ့လည်း အဆက်အသွယ်မရှိဘူး။ အသစ်လုပ်ရမှာ ကျွန်တော်စဉ်းစားရ ခက်နေတယ် ဆရာရယ်။ အချိန်ပေးပါလားဆိုတော့။
ကြည်စိုးထွန်း ။ ။ အဆက်အစပ်ရှိမှ ကောင်းတယ်လေ။
မင်းသားကြီးမြင့်စိုး ။ ။ အဆက်အစပ်ရှိမှ ကောင်းတယ်ဆိုတော့ အဲဒီတုန်း ကတည်းက ကျွန်တော်က ရုပ်ရှင်ကိုတော်တော်လေ့လာနေပြီ။ ရှင်းရှင်းပြောရရင် နိုင်ငံခြားကားတွေ တော်တော်ကြည့်ထားတယ်။ တော်တော်လေးတွေ စာလေး တွေဖတ်ထားတဲ့ ကျေးဇူးပေါ့ ဆရာရယ်။ ကျွန်တော့်ခေါင်းထဲမှာ plot တစ်ခု ပေါ်လာတယ် ။ တိုင်းပြုပြည်ပြုလည်းဖြစ်အောင် plot လည်းကောင်းအောင်ပေါ့ ဆရာရယ်၊ ပေါ်လာတော့ ဆရာ ခင်ဗျားလို့ ကျွန်တော်တော့အကွက်လေးတစ်ကွက် သတိရတယ်၊ ပေါ်လာတယ်ဆရာ၊ ကျွန်တော်ပြောလို့ရပါ့မလားဆရာ ဆိုတော့၊ ဟေ့ ကောင်းသားပဲ မောင်မြင့်စိုး ပြောစမ်းဆိုတော့၊ ကျွန်တော်က လူရွှင်တော် သုံးယောက်ရှိတယ်လို့ သန်းနွဲ့ရယ်၊ ပါနောက်ရယ်၊ ဖိုးပါလေးရယ်ဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကြည်းတပ် ရေတပ် လေတပ် ရှိတယ်လို့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ တစ်ယောက်က ကြည်းတပ်၊ တစ်ယောက်ကလေတပ်၊ တစ်ယောက်က ရေတပ်ပေါ့ ၊ လုပ်လုပ်ပြီးတော့ တစ်ခါတည်း ချီတက်သွားတာပြ၊ ချီတက်တာပြပြီးတော့ သူတို့က ရပ်လိုက်မယ်၊ ရပ်လိုက်ပြီးတော့ ဘာပြောမလဲ ဆိုတော့ ဟေ့ မြင့်စိုးတို့၊ ဦးချင်းစိန်တို့ ဘာတို့ကလည်း ချစ်ဖေဖေတွေ့ပြီ၊ တို့လည်း ချစ်ဖေဖေတွေ့ပြီကွ ဟိုမှာပဲ တို့ချစ်ဖေဖေဆိုပြီးတော့ လက်ညှိုးထိုး လိုက်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကြီး။
ကြည်စိုးထွန်း ။ ။ ကြေးရုပ်ကြီး ။
မင်းသားကြီးမြင့်စိုး ။ ။ ပြချင်တယ်။ အဲဒီတော့. . ဟာကောင်းတယ်ကွတဲ့။ တော်တော် သဘောကျသွားတယ်၊ ဟာ တိုင်းပြုပြည်ပြုလည်းဖြစ်တယ်။ happy ending လည်းဖြစ်တယ်၊ ဘယ်သူ့ကို သွားရိုက်ခိုင်းလဲဆိုတော့ ဒါဆရာ ဦးစိုးမြင့်ကို ဟိုဒင်းဖြစ်တာမဟုတ်ပါဘူး ကြုံလို့ပြောပြတာပါ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဆရာဦးစိုးမြင့်က သွားရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ ပါနောက်။
မင်းသားကြီးမြင့်စိုး ။ ။ ပါနောက်က ဘယ်လိုသွားရိုက်လဲဆိုတော့ ချီတက်တာ သုံးယောက် ချီတက်လာတာကို တစ်ခါတည်းကင်မရာ Pan ပေါ့ဆရာ။ Pan shot ရိုက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကြီးက Bound ထဲဝင်လာတယ်။
ကြည်စိုးထွန်း ။ ။ ဪ ကြေးရုပ်ကြီးက။
မင်းသားကြီးမြင့်စိုး ။ ။ ကြေးရုပ်ကြီး Bound ထဲကိုဝင်လာတယ်၊ အမှန်မှာ Bound ထဲမဝင်ရဘူး။
ကြည်စိုးထွန်း ။ ။ မဝင်ရဘူးလေ၊ ဒါ ဟိုဟာပေါ့ ဖွက်ထားတာ ။
မင်းသားကြီးမြင့်စိုး ။ ။ Bound ထဲမဝင်ရမှ understood ပေါ့ ဆရာရယ်။ နောက်တော့မှ လက်ညှိုးထိုးမှ Close Up နဲ့ ပြမယ်။ ဟုတ်လားဆရာ ကျွန်တော်က သဘောပေါက်ပြီးသား။ ဒါပေမယ့် ကျွန်တော် ရိုက်ကွက်ကို ကျွန်တော် မပြောဘူးပေါ့။ ခုနက plot ပဲပြောတယ်။ ကိုယ်က ဒါရိုက်တာမှ မဟုတ်ဘဲ ဆရာရဲ့။ ဦးစိုးမြင့်က ဒါရိုက်တာဆိုတော့ သူပဲရိုက်တာ။ သွားရိုက် တော့ ကင်မရာ Bound ထဲကို ဗိုလ်ချုပ်အောင်ဆန်းကြီးပြတော့။
ကြည်စိုးထွန်း ။ ။ ကြေးရုပ်ကြီးမှန်းသိ။
မင်းသားကြီးမြင့်စိုး ။ ။ ဒါ တို့ချစ်ဖေဖေပဲလို့ ပြတော့ပရိသတ်က ဘာမှမထူး တော့ဘူးဆရာရယ်၊ အဲဒါလေးအတွေ့အကြုံလေးရတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီတော့ရုပ်ရှင်က Bound ဆိုတာ အရေးကြီးတာ သွားသတိရတယ်။
ကြည်စိုးထွန်း ။ ။ ဒါအရေးကြီးတာပေါ့ အရေးကြီးတာပေါ့။ တစ်ခါ တလေပေါ့ မင်းသားကြီးရယ်ဆိုပါတော့၊ ကျွန်တော်တို့ အငြိမ့်တွေ ရိုက်တယ်။ ရိုက်တော့ လူရွှင်တော်နှစ်ယောက် ပြက်ကြတယ်၊ ပြက်ကြတဲ့အခါကျတော့ လူရွှင်တော်ရဲ့ Close Up တွေ ပြတာပေါ့၊ ကျွန်တော်တို့ သွားတွေ့တာပေါ့၊ တချို့ဟာ၊ close up ပြတော့ ဟိုဘက်ကလူရွှင်တော်ရဲ့ အိုက်တင်က မပါ တော့ဘူး။ ဟုတ်တယ်မှတ်လား၊ လူရွှင်တော်နှစ်ယောက်ဆိုတာ သူက ချိတ်ထားတာ။
မင်းသားကြီးမြင့်စိုး ။ ။ မှန်တာပေါ့ ။
ကြည်စိုးထွန်း ။ ။ တစ်ယောက်နဲ့ တစ်ယောက်က ခက်တင်မောင်းနင်း ပေါ့၊ တစ်ယောက်နဲ့တစ်ယောက် မောင်းနင်းလေးတွေကလည်း ရှိသေးတာ၊ အိုက်တင်လေးတွေကလည်း ရှိသေးတာ၊ အမူအရာနဲ့လုပ်ရတာ ဒီနှစ်ယောက် ကိုဖျောက်လို့ မရဘူး။ ဖျောက်လို့မရတဲ့ အရုပ်ရှိတယ်၊ ဖျောက်လို့ရတဲ့ အရုပ်ရှိ တယ်။ အဲဒီလို ဟုတ်လား၊ အခုဟာကတော့ ဖျောက်ရမယ့် ကြေးရုပ်ကို မဖျောက်ဘဲနဲ့ လုပ်တော့။ ပရိသတ်ကကြိုသိလို့ သိပ်ပြီးတော့ ခုနကလို အားရပါးရ။
မင်းသားကြီးမြင့်စိုး ။ ။ ဟိုဒင်းပေါ့ဆရာရယ်၊ ဘဝမှာ လုပ်သင့်တာကို မလုပ်ဘဲနဲ့ မလုပ်သင့်တာကို လုပ်မိတာ။
ကြည်စိုးထွန်း ။ ။ ဒါလေးကတော့ သင်ခန်းစာယူစရာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ ဒါလည်းကောင်းပါတယ်။ ပေးလိုက်တဲ့ plot လေး သိပ်ကောင်းတာပဲနော်။ ဟာ မောင်မြင့်စိုးတို့ကလည်း သူတို့ချစ်ဖေဖေကို တွေ့ပြီ။ ငါတို့ ကြည်းရေလေ တပ်မတော်သားတွေကလည်း ငါတို့ရဲ့ ချစ်ဖေဖေ ကို တွေ့ပြီဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုပြလိုက်တာ ကောင်း တယ် plot ကတော့နော် ဟုတ်ကဲ့။ ဒါပြပုံပြနည်း ပြောတာပေါ့နော်။ ကောင်းပါ တယ်ဗျာ၊ အဲဒီဟာလေးကတော့ ဒီအတိုင်းပဲသိမ်းတာပဲလား။ အဲဒီနောက် ကျတော့ ကျွန်တော်စောစောက ပြောသလို မင်းသားကြီးက ဆရာကောင်း တွေနဲ့ တော်တော်တွေ့တယ်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ဆရာ။
ကြည်စိုးထွန်း ။ ။ နောက်ထပ်တွေ့ရတဲ့ ဆရာက ဦးဉာဏနော်။
မင်းသားကြီးမြင့်စိုး ။ ။ ဦးဉာဏဟုတ်ပြီ။ အဲဒါပြောမယ် ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ ပြောပါဦး မာယာကြာခြည်’’
မင်းသားကြီးမြင့်စိုး ။ ။ အဲ မာယာကြာခြည်’’ မှာ ဦးဉာဏက ပထမဆုံးက မေရီမြင့်နဲ့ ရိုက်တာဆရာ။ မေရီမြင့်နဲ့ ရိုက်တော့ မေရီမြင့်နဲ့ ကျွန်တော်နဲ့ တွဲဖက်သိပ်ညီတယ်။ သုံးကားရှိပြီ မေရီမြင့်နဲ့။
ကြည်စိုးထွန်း ။ ။ ချောချောလေးနဲ့ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ မက်မဆုံးလေးနဲ့ ဒီမျက်ခုံးလေးက ကလီကလီ မာယာကြာခြည်.. သီချင်းလေးက မေရီမြင့်နဲ့ မာယာကြာခြည်က ပိုလိုက် တယ်။ သူ့ဇာတ် plot ကတစ်မျိုး။ မေရီမြင့်က အညုနဲ့ အနွဲ့နဲ့၊ မေရီမြင့်က ရုပ်ရည်နဲ့ သူ့ရဲ့ structure နဲ့ ပေါ့ဆရာရယ်၊ သူ့ရဲ့အလှအပနဲ့ သူကညှို့မှာ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က သူဌေးသား။ အလှအပနဲ့ ညုတော့မှ သူဌေးသားကို သူစွဲလမ်းမှာ။
ကြည်စိုးထွန်း ။ ။ ပါသွားမှာ ။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာဇာတ်လမ်း နဂိုကမူရင်း။
ကြည်စိုးထွန်း ။ ။ ဪ အဓိက သိပ်အရေးကြီးတာပေါ့နော်။
မင်းသားကြီးမြင့်စိုး ။ ။ အရေးကြီးတာ။ သို့သော်လည်း မာယာကြာခြည်’’ ရိုက်လို့မှ ကားလေး ပေလေးနည်းနည်းကျတော့မှ မေရီမြင့်က ဆုံးသွားပါ လေရော။
ကြည်စိုးထွန်း ။ ။ ဪ ငယ်ငယ်လေးနဲ့နော် (၂၇)လားမသိဘူး ။
မင်းသားကြီးမြင့်စိုး ။ ။ အမ်း. ဟုတ်တယ် ။
ကြည်စိုးထွန်း ။ ။ အသက်တော်တော်ငယ်တာပဲ။
မင်းသားကြီးမြင့်စိုး ။ ။ မေရီမြင့် ဆုံးသွားတယ်၊ မေရီမြင့်ဆုံးသွားတဲ့ အတွက် ဇာတ်လမ်းတွေ အကုန်လုံးပြောင်းပစ်ရတယ်။
ကြည်စိုးထွန်း ။ ။ ဪ အဲဒီလိုဖြစ်သွားတယ်။
မင်းသားကြီးမြင့်စိုး ။ ။ ကြည်ကြည်ဌေးနဲ့ ပြောင်းရိုက်တယ်...။
ကြည်စိုးထွန်း ။ ။ ဪ ကြည်ကြည်ဌေးကတော့ အဲ့ဒီလို ဟိုဒင်းကျ တော့ မေရီမြင့်လောက်တော့ attractive မရှိဘူး။ သို့သော်အနုပညာမှာ စွယ်စုံရထားတယ်။ မှန်ပါတယ် ဒါတော့မှန်ပါတယ်။
မင်းသားကြီးမြင့်စိုး ။ ။ ဆိုတော့ ကြည်ကြည်ဌေး ဒါရိုက်တာကသိတယ် ဆရာတို့လိုပေါ့ ဆရာရယ်...။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဒါရိုက်တာက ကျွန်တော့် ဆရာပြောဖူးတယ် ဒါရိုက်တာလုပ်တဲ့သူက Actorရဲ့ အရည်အချင်းကို သိရမယ်ကွတဲ့...။
ကြည်စိုးထွန်း ။ ။ သိရမှာပေါ့ သိရမှာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ သိတော့မှ အရည်အချင်းကို ဖော်ထုတ်တတ် ရမယ်တဲ့။
ကြည်စိုးထွန်း ။ ။ ဒါပေါ့ ဒါပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော့်ဆရာတွေက ပြောဖူးတယ် ကျွန်တော် အဲဒီမှာပညာရတာပေါ့။ ဒါရိုက်တာ ဦးဉာဏက ဟုတ်ပြီတဲ့ ခုနကဆရာပြောတဲ့ ပဒေသာဖလင်း ဦးထွန်းလင်းကို ဇာတ်လမ်းတွေပြောင်းမယ်။ အလှအပ အကအနေနဲ့ ပဒေသာတွေပြောင်းမယ်။
ကြည်စိုးထွန်း ။ ။ ဪ သူကျွမ်းတဲ့ဟာကို သူကလှည့်ပြီး ထည့်ပေး တာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ကြည်ကြည်ဌေးကို ကချေသည်မ လုပ်လိုက်တယ် ကချေသည်မ စက်သီးပြတ်ကျမယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဇာတ်လမ်းအရပေါ့နော် ကျွန်တော်ကသူဌေးသား ဆိုတော့ အဲဒီမှာ ကြည်ကြည်ဌေးနဲ့ ပြောင်းရိုက်တယ်။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီ မာယာကြာခြည်မှာ ပြောင်းရိုက်တဲ့အတွက် မာယာကြာခြည်’’ က ဆေးရောင်စုံတစ်ပိုင်းလည်းပါတယ် ဆရာရဲ့။
ကြည်စိုးထွန်း ။ ။ ပါသေးတာလား။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်။ အဲဒီမှာ ကြည်ကြည်ဌေးက သူက စက်သီးပေါ်က ပြုတ်ကျပြီးတော့ နောက်ဆုံးကျတော့ ဘုရားမှာဆုံးတာ။ ဘုရားမှာ သွားဆုံးတာ။ သူ့ဒီအနုပညာရထားတဲ့ငွေလေးနဲ့ သူကစုဆောင်း ပြီးတော့ ဘုရားလေးတည်တယ်။ ကျွန်တော်တို့ ဒါပညာလည်းရတာပေါ့ ဆရာရယ်၊ အနုပညာရှင်တွေက ကိုယ်ရတဲ့အခိုက်မှာ ကုသိုလ်ကောင်းမှုကို လုပ်စရာရှိတာ လုပ်ပေါ့ ဆရာရယ်။ လုပ်စရာရှိလို့မှမလုပ်ရင် အချိန်ကျတော့မှ လွန်သွားတော့မှ မလုပ်နိုင်တော့ဘူးပေါ့။
ကြည်စိုးထွန်း ။ ။ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ကြည်ကြည်ဌေးက သူကလို့ရတဲ့ ပိုက်ဆံလေးနဲ့ စုဆောင်းပြီးတော့၊ ဘုရားတစ်ဆူတည်ပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တဲ့ အတွက် သူဆေးရုံကဆင်းပြီး မျက်နှာပျက်သွားတာကိုး ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ စက်သီးပေါ်ကကျတဲ့အတွက် မျက်နှာ ရုပ်ပျက်သွား တယ်။
ကြည်စိုးထွန်း ။ ။ ဒဏ်ရာ ဒဏ်ရာ။
မင်းသားကြီးမြင့်စိုး ။ ။ သူ့ချစ်သူ ကျွန်တော် မြင့်စိုးကို မမြင်ချင်တော့ဘူး။ မတန်တော့ဘူးပေါ့ ဆရာရယ်။ မတန်တော့တစ်ခါတည်း သူဆေးရုံကဆင်းတာ နဲ့ သူတည်ခဲ့တဲ့ ဘုရားစေတီလေးကို သွားတယ်။ အဲဒီစေတီမှာ သူကသွားပြီး တော့ ဆုံးတယ်၊ သေသွားတယ်။ ကျွန်တော်က ဆေးရုံကို လိုက်တယ်၊ ဆေးရုံ မှာလိုက်တယ်၊ ဆေးရုံမှာမမီဘူး။ သွားလိုက်ပြန်လိုက်နဲ့ ဘယ်မှာ ကျွန်တော် လည်း အရူးတစ်ပိုင်းဖြစ်သွားတယ်ပေါ့ ဆရာရယ်။ နောက်ဆုံးကျတော့ ကျွန်တော်က ကြည်ကြည်ဌေးကို ပြန်စဉ်းစားတယ်ပေါ့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကြည်ကြည်ဌေးသည် အနုပညာ အောင်မြင်တဲ့ အခါတုန်းက အများကြီး အလှူတွေလုပ်ခဲ့တယ်။ ဒါန၊ သီလ၊ ဘာဝနာတွေ ဆောက်တည်ခဲ့တယ်။ လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ ကုသိုလ်ကောင်းမှုကြောင့် တစ်ခုခုတော့ အဲ နတ်ပြည်နတ်ရွာတော့ ရောက်နေလောက်ပြီ။ ကျွန်တော် စဉ်းစားလိုက်တာ နတ်ပြည်ကို ပြလိုက်တယ်။ နတ်ပြည်မှာ ကြည်ကြည်ဌေးက မင်းသမီး နတ်သမီးသွားဖြစ်နေတဲ့ပုံ -။
ကြည်စိုးထွန်း ။ ။ ဪ ကာလာနဲ့လား။
မင်းသားကြီးမြင့်စိုး ။ ။ အမ်း ဇာတ်လမ်းထဲ ကာလာနဲ့။
ကြည်စိုးထွန်း ။ ။ ဪ ဆေးရောင်စုံ၊ ကျွန်တော်ဒီနေရာ ဖြတ်ပြော ရရင်တော့ မင်းသားကြီးရေ ဒီပဒေသာဖလင်းကနေပြီးတော့ ဦးထွန်းလင်းတို့ ကလည်း ဘာကျန်နေလဲဆိုတော့ ခုနက ကျွန်တော်ပြောတဲ့ နန်းတွင်းအရေး တော်ပုံ
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်။
ကြည်စိုးထွန်း ။ ။ သူက ဆေးရောင်စုံလေ။ ဒီအတွက် ကျွန်တော်ထင် တယ် ဒီဇာတ်လမ်းကလည်း အံဝင်တော့။
မင်းသားကြီးမြင့်စိုး ။ ။ အစပေါ့။
ကြည်စိုးထွန်း ။ ။ အမ်း ဒီမှာစမ်းတာပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ သူက ဂျပန်မှာသွားဆေးရတာ၊
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ စောမူက ကျွန်တော့်ကို သူကမိဘပေးစားတဲ့ မင်းသမီးပေါ့လေ။
ကြည်စိုးထွန်း ။ ။ ဪ စောမူကလည်း ပါသေးတယ်နော် ။
မင်းသားကြီးမြင့်စိုး ။ ။ စောမူလည်းပါတယ်။ ဟုတ်ကဲ့ စောမူက ပြုစုပေးတဲ့ ပုံလေးနဲ့ ကျွန်တော်က ပြန်စဉ်းစားလိုက်တော့ အဲဒီကြည်ကြည်ဌေး နတ်ပြည် ရောက်နေတဲ့ အခန်းလေးနဲ့ ဇာတ်သိမ်းတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ဆေးရောင်စုံပေါ့ ဆရာရယ်၊ အဲဒီကားက ပိုက်ဆံ အတော်ရတယ်။
ကြည်စိုးထွန်း ။ ။ ဪ သိပ်လှမှာနော်။
မင်းသားကြီးမြင့်စိုး ။ ။ ဒီ 2nd တန်း 3rd တန်း 4th တန်းဟာ. ရုံတိုင်းရုံတိုင်း မှာ။
ကြည်စိုးထွန်း ။ ။ စောမူလေးကလည်း ချစ်စရာလေးနော်။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်ဆရာ ပြောပြဦးမယ်ဆရာ။ တစ်လော တုန်းက ကျွန်တော် မအူပင်နယ်ဘက်မှာ ရွာတွေမှာ ဟောပြောပွဲသွားတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ သွားတော့ အဲဒီက ပုဂ္ဂိုလ်တွေက မာယာကြာ ခြည်’’ ထဲက မြင့်စိုးဟုတ်လား၊ ဟုတ်ပါတယ်ဆိုတော့။ ဟိုတုန်းက ကျွန်တော် က စတိုင်ပေါ့ ကျကျနဲ့ ဂျာကင်ကြီးတွေ လှလှပပဝတ်တာပေါ့၊ ကျားခေါင်းတွေ ဘာတွေနဲ့ ဝတ်တာပေါ့။ ဝတ်တော့ အဲဒီ မာယာကြာခြည်’’ ထဲက ဇာတ်လမ်း လေး အဖြစ်အပျက်လေး ပြောပါဦးတဲ့။
ကြည်စိုးထွန်း ။ ။ ဪ။
မင်းသားကြီးမြင့်စိုး ။ ။ အဲဒီထဲမှာ အဘိုးကြီးတစ်ယောက်ကနေပြီးတော့ ပုတီးစိပ်တယ် ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ပုတီးတစ်လုံးဒေါက်ခနဲကျ အပျိုမြင်ရင်ငေါက်ခနဲ။ ဆိုတော့ အဲဒီဥစ္စာလေးပြောပါဦးပေါ့ သူတို့က။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က ပြောချင်တာက တခြားတွေ။ သူတို့က တော့ ရုပ်ရှင်ရိုက်တဲ့ အတွေ့အကြုံလေးတွေကို ပြန်ပြောစေချင်တယ် ။ အဲဒီ မာယာ ကြာခြည်ကိုမမေ့ကြဘူး သူတို့။
ကြည်စိုးထွန်း ။ ။ အဲဒါပြီးတဲ့နောက်ကျတော့ ‘‘မေသရဖူ’’
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း ။ ။ ဟုတ်လား မေသရဖူ’’ လား။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ် အဲဒီမှာ ပဒေသာဖလင်းက သဘောကျ ပြီးတော့ ကျွန်တော် ဆက်တိုက်ကားတွေ ရိုက်သွားတယ်။ ‘‘မေသရဖူ’’ မှာတော့ မေရီမြကို ဦးတည်ပြီးတော့ မေသရဖူ’’ အမျိုးသမီး စွမ်းဆောင် နိုင်တယ်ဆိုတဲ့အကြောင်းပေါ့ ဆရာရယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး ။ ။ အမျိုးသမီးက တစ်ခါတည်း။
ကြည်စိုးထွန်း ။ ။ ဦးဉာဏက အဲဒီ idea တွေ သိပ်ကောင်းတယ်။
မင်းသားကြီးမြင့်စိုး ။ ။ လောကကြီးမှာ အမျိုးသမီးက စွမ်းဆောင်နိုင်တာ တွေရှိပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး ။ ။ သူက သူ့ရဲ့ဇနီး မေရီမြကို တင်ပြီးရိုက်တယ်။
ကြည်စိုးထွန်း ။ ။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို ဦးစားပေးပြီး တော့ ရိုက်တဲ့ ဦးဉာဏရဲ့ idea တွေပေါ့နော်။
မင်းသားကြီးမြင့်စိုး ။ ။ ဦးဉာဏ သိပ်ကောင်းတာပဲ။
ကြည်စိုးထွန်း ။ ။ ဟာ. သိပ်ကောင်းတာ တကယ့်ကို ဘယ်လိုခေါ်မလဲ ခေတ်မီနေတာပဲ၊ ဒီနေ့ထိခေတ်မီတယ် ဦးဉာဏရဲ့.....။
မင်းသားကြီးမြင့်စိုး ။ ။ ဟာ သိပ်မီတယ် အတွေးအခေါ် သိပ်ကောင်းတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အဲဒီထဲမှာ ဂျင်းဖောမယ်တို့၊ ယုဝတီ. ဂျင်းဖောမယ်တို့ မေနန်းနွယ်တို့ ပါသေးတယ်နော်။
မင်းသားကြီးမြင့်စိုး ။ ။ မေနန်းနွယ်ပါတယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ မင်းသမီးအသစ်တွေပေါ့။
မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ် အဲဒီ မေသရဖူ’’ ရိုက်ပြီးတော့ အတွေ့ အကြုံ ဆရာ့ကိုသတိရတုန်း ပြောပြဦးမယ်။ ‘‘မှောင်ထဲက မေ’’ ဆိုတာ ရိုက် တယ်။ (ဆက်လက်ဖော်ပြပါမည်)