မြင်းမူမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများသို့ ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်

မြင်းမူ ၂၇ ဇူလိုင်

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး အနိမ့်ပိုင်းနေရာများတွင် ယခုရက်ပိုင်းမှစ၍ မြစ်ရေများ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

 

မြစ်ရေဝင်ရောက်မှုမှာ ပုံမှန်ဖြစ်သော်လည်း အနိမ့်ပိုင်းနေရာများက ဒေသခံပြည်သူများကို ကျေးရွာအမြင့်ပိုင်းနေရာများဖြစ်သည့် ဘုန်းတော်ကြီးကျောင်းနှင့် တာဘောင်နေရာတွေကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း၊ လောလောဆယ်အနေဖြင့် လက္ကပင်ကျေးရွာမှ အိမ်ခြေ(၃၀)၊ အိမ်ထောင်စု(၄၀)ကို ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်း လက္ကပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းဆွေထံမှ သိရှိရသည်။

 

ထို့အပြင် မြစ်ကမ်းအနီးရှိ အနိမ့်ပိုင်းကျေးရွာများဖြစ်သည့် ကျွဲရိုက်(ရွာသစ်)၊ အုန်းပင်၊ သာယာပေါင်း၊ ဆပ္ပန်းကုန်းနှင့် ရွာသာလေး(ဆိပ်သာ) ကျေးရွာများတွင်လည်း အနိမ့်ပိုင်းနေရာများတွင် ရေ(၂)ပေမှ (၄)ပေထိ ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် မြင်းမူမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၁၅၀)စင်တီမီတာဖြစ်ပြီး ယခုအခါ (၁၁၂၈)စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရမ်ရေမှတ်ရောက်ရှိရန် (၁၂)စင်တီမီတာ (၅ လက်မ)ခန့်သာ လိုအပ်တော့ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)