မြင်းမူမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပွား၍ ၁၃ ဦး ဒဏ်ရာရရှိ

မြင်းမူ  ၇  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်  အလ္လကပ္ပကျေးရွာအနီး  ကားလမ်း မိုင်တိုင်အမှတ် ၅၂/ဝ နှင့် ၅၂/၁ ကြားတွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်က   ယာဉ်တိုက်မှု ဖြစ်ပွားပြီး ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  မုံရွာဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုဟန်ဇော်ဦး မောင်းနှင်လာပြီး  ခရီးသည် ခုနစ်ဦးပါ ဟိုက်ဂျက်ယာဉ် SGG/---- သည် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်  အလ္လကပ္ပကျေးရွာအနီး ကားလမ်း မိုင်တိုင်အမှတ် ၅၂/ဝ နှင့် ၅၂/၁ ကြားအရောက်တွင် ယာဉ်မောင်းမှာ အိပ်ငိုက်သွားပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ မုံရွာဘက်သို့ ယာဉ်မောင်း ကိုဖြိုးဆွေဟိန်း မောင်းနှင်လာသော လူလေးဦးပါ HONDA FIT  ယာဉ်ကို ဝင်တိုက်မိကာ ဝင်ရောက်တိုက်မိသည့် ခွေးဘီလူးယာဉ်သည် ယင်းနေရာတွင် တစ်ပတ်လည် သွားပြီး မန္တလေးဘက်သို့ မောင်းနှင်လာသော  မြောင်-မန္တလေးခရီးသည်တင် မှန်လုံယာဉ် MDY DD/----၏ ဝဲဘက်ခြမ်းသို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း HONDA FID ပေါ် လိုက်ပါလာသူ ငါးဦးမှာလည်း (မစိုးရိမ်ရ)ဒဏ်ရာများရရှိ၍   မြင်းမူမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)