မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

နေပြည်တော် ၁၈ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဇန်နဝါရီ ၁၇ ရက်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျေးရွာသား/ကျေးရွာသူ (၁၇)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၁၄)ဦးတို့အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ မှုခင်းကျဆင်းရေးတို့နှင့် ပတ်သက်၍ ပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။

 

mdn

 

အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ရှမ်းကျေးရွာ၊ ကျေးရွာစုဇရပ်၌ ဇန်နဝါရီ ၁၇ ရက်က မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်သောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျေးရွာသား/ကျေးရွာသူ (၄၇)ဦးတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ မှုခင်းကျဆင်းရေးတို့နှင့် ပတ်သက်၍ ပညာပေးဟောပြောကာ မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား