မင်းလှမြို့နယ် ရေဝင်ရောက်သည့် နေအိမ်ပိုင်ရှင်များအတွက် ဆန်၊ဆီ၊ သောက်ရေနှင့် အဝတ်အထည်များလှူဒါန်း

မင်းလှ  ၁၄  စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် တောင်ကျချောင်းရေများ ကျဆင်းမှုကြောင့် ရေဝင်ရောက်ခဲ့သော ရပ်ကွက်ကျေးရွာများမှ အိမ်ခြေများအား ဆန်၊ ဆီ၊ သောက်ရေနှင့် အဝတ်အထည်လှူဒါန်းပေးခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲက ဆောင်ရွက်ခဲ့သည်။


အဆိုပါလှူ ဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြန်မာနိုင်ငံလုံးထေရဝါဒ တောင်တန်းဒေသသာနာပြု သာသနာ့နုဂ္ဂဟအသင်းကြီးမှ ဥက္ကဋ္ဌ ဦးစိုးနောင်နှင့် အဖွဲ့သားများက ရေဝင်ရောက်ခံခဲ့ရသည့် အမှတ်(၆)၊ (၇)၊ (၈)၊ ကြို့ကုန်း(၁)အုပ်စု အောက်ကိုင်းကြီးကျေးရွာတို့တွင် တစ်အုပ်စုအိမ်ခြေ(၅၀)နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ ဆီ(၃၀)ဆယ်သားတစ်ဘူး၊ မားမားခေါက်ဆွဲခြောက် (၈)ထုပ်၊ သောက်ရေသန့်ဘူးများ၊ အဝတ်အထည်များ စုစုပေါင်းအိမ်ခြေ(၂၀ဝ)အတွက် အထုပ်(၂၀ဝ)လှူဒါန်းပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များတို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပေါက်စ မင်းလှ