မင်းလှမြို့နယ် ကုန်းကြီးဆီခြံကုန်း၌ မီးလောင်

အထက်မင်းလှ   ၇    ဇွန်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၏ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ ကုန်းကြီးကျေးရွာအနီး၊ ကုန်းကြီးဆီခြံကုန်းရှိ အကွက်အမှတ်(၁၇)ဆီခြံပိုင်ရှင် မယုလဲ့ ရုံးရပ် တောင်ပိုင်းရပ်ကွက်၊ မင်းလှမြို့နေသူ၏ ဆီခြံတွင် ဇွန် ၆ ရက်မွန်းလွဲ ၁၂ နာရီခွဲက မီးစတင်လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မယုလဲ့၏ ဆီခြံတွင် ဆီသိုလှောင်တာဝန်ခံအဖြစ် လုပ်ကိုင်သူ မျိုးမင်းလတ်(ခ)ဝကြီး ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ မင်းလှမြို့နေသူမှ ဂါလန်(၁၀ဝ၀)ဆံ့ အုတ်ကန်ထဲရှိ ရေနံစိမ်း(၂၅၀)ဂါလန်အား ဆီသိုလှောင်ကန်ထဲသို့ (၁ ဒသမ ၅)လက်မ လည်ချောင်းပိုက်ဖြင့် ပြောင်းထည့်စဉ် လည်ချောင်းပိုက်ထိပ်တွင် တပ်ထားသော သံပိုက်ဂေါက်တံနှင့် ဆီသိုလှောင်ကန်တို့ ပွတ်တိုက်မိရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် ဂါလန်(၁၀ဝ၀)ဆံ့ အုတ်ရေကန်ထဲရှိ ရေနံစိမ်း(၂၅၀)ဂါလန်နှင့် (၁ ဒသမ ၅) လက်မလည်ချောင်းပိုက်တစ်ချောင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


       
MDN

 

image-0-