မင်းလှမြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင် စီမံကိန်းတိုးချဲ့အကောင်အထည်ဖော်မည်

မင်းလှ  ၁၈  နိုဝင်ဘာ 


မကွေးတိုင်ဒေသကြီး သရက်ခရိုင် မင်းလှ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်း တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုးချဲ့မည့်ကျေးရွာများမှာ မလွန်စမ်းကျေးရွာအုပ်စု မလွန်စမ်းကျေးရွာနှင့် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးကျေးရွာ တို့ဖြစ်သည်။

မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းလှမြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို  ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အထိ ကျေးရွာ ၃၆ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနှစ်ရွာ တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်သည်။

''မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ အလုပ်အခွင့်အလမ်း ရရှိစေရေး၊ ကျေးလက်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ၊ အသက်မွေးဝမ်း‌ကျောင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်စေရေးအတွက် စီမံကိန်းပါ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၃၀၀နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်ဟု''မင်းလှ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောကြားသည်။

အဆိုပါကျေးရွာနှစ်ရွာကို မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)

 

ိါတမိသ