မင်းလှမြို့၌ မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

မင်းလှ ၂၇ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်း၌ မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

 

01

 

သင်တန်းပွဲတွင် မြို့နယ်ဓမ္မစကူးလ်နာယက မြို့ဦးကျောင်းတိုက်ဆရာတော်က ဩဝါဒစကားများ မိန့်ကြားပြီး မြို့နယ်ဓမ္မစကူးလ်သင်တန်း တာဝန်ခံ ဇေယျာမဂ္ဂကျောင်းတိုက်ဆရာတော်မှ သင်တန်းနှင့် ပတ်သတ်သည့် ငွေစာရင်းအား ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်ဓမ္မစကူးလ်ဥက္ကဋ္ဌ ဆရာတော်က သင်တန်းမှ ပို့ချသော သင်ခန်းစာများကို ဆက်လက်လေ့လာဆည်းပူး၍ ကလေးငယ် များကို လိမ္မာယဉ်ကျေးအောင် သင်ကြားပေးစေလိုကြောင်း မိန့်ကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သာသနာရေးဆိုင်ရာများကို ပြောကြားသည်။

 

0235698

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က သင်တန်းနည်းပြ ဆရာ(၄)ဦးကို ဂုဏ်ပြုလက်မှတ်နှင့် သင်တန်းသား (၅၃)ဦးအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

 

35

 

ပေါက်စ (မင်းလှ)