မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်‌‌ရေး Mask Campaign ပြုလုပ်

အထက်မင်းလှ  စက်တင်ဘာ  ၂၂

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်ခွါသွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မင်းလှမြို့အဝင်တြိဂံလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။

                     

အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ကျော်စိုးလင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က                ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း ၊ဈေးဝယ်သွားလာသူများအား       နေအိမ်ပြင်ပ ထွက်ခွါသွားလာရာတွင်                   နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများအား စစ်ဆေးမေးမြန်းပြီး ပထမအကြိမ် သတိပေးကာ လက်မှတ်ရေးထိုးစေပြီး ဒုတိယအကြိမ်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက    အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှာခေါင်းစည်းမတပ်ဆင်သူ ၃၆ဦးအား   နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

             

မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ    ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                                                                                                                                            

ဇာဇာ(အထက်မင်းလှ)