မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်

အထက်မင်းလှ ဇွန် ၂၉

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၂၈ ည ၇ နာရီခွဲက မင်းလှမြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး၊ ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့်  အထူးဂရုပြုသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာနှင့် ရေအသုံးပြုပြီး စနစ်တကျဆေးရန်၊ လူတစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာနေထိုင်ရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)