မင်းကင်းမြို့ရှိ ဆေးဆိုင်များတွင် သတ်မှတ်ချက်များနှင့်မကိုက်ညီသည့် ဆေးဝါးနှင့် ရက်လွန်ဆေးများ ရောင်းချခြင်းရှိ /မရှိ စစ်ဆေး

မင်းကင်း ၂၄ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ်ချက်များနှင့်မကိုက်ညီသည့် ဆေးဝါးနှင့် ရက်လွန်ဆေးများရောင်းချခြင်း မရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မင်းကင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးချမ်းမြတ်တို့ဦီးဆောင်သည့် တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်အတွင်းတွင် ဆေးဝါးရောင်းချနေသော ဆိုင်ရှင်များအား သတ်မှတ်ချက်များနှင့်မကိုက်ညီသည့် ဆေးဝါးနှင့် ရက်လွန်ဆေးများ သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များစသည့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မေသက်(မင်းကင်း)