မွန်ဂိုလီးယားနိုင်ငံတွင် မီးလောင်ကျွမ်းမှု ၄၀၀ ကျော် ဖြစ်ပွား လူ ၁၆ ဦး သေဆုံး

၂၈ ဇန်နဝါရီ

 

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ မီးလောင်ကျွမ်းမှု ၄၀၀ ကျော်ဖြစ်ပွားခဲ့ကာ လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီက ယနေ့ ပြောကြားခဲ့သည်။

 

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းတွင် ယခုလဆန်းပိုင်းမှစတင်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သဖြင့် နေအိမ် စုစုပေါင်း ၄၁၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကလေး နှစ်ဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုအရေးပေါ်ဆိုင်ရာ အေဂျင်စီ က မီးခိုခေါင်းတိုင်များနှင့်မီးဖိုများ ကွဲအက်ခြင်း၊ လူအများ၏ ဂရုမစိုက်သော လုပ်ရပ်များ၊ ကလေးများကို ဂရုမစိုက်မှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုတို့သည် နေအိမ်များ မီးလောင်ကျွမ်းရသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုကာ ၎င်းတို့၏နေအိမ်များတွင် ဖြစ်နိုင်ခြေရှိသော မီးလောင်ကျွမ်းမှုများကို ကာကွယ်ကြရန် လူအများကို တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို