မွန်ဂိုလီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၁၆ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၂

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၃၉၅၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၂၈၃၉၅၆ ဦး ရှိလာသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၁၁၄၆ ဦးအထိ ရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၈၄၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အများစုသည် ဆေးရုံကုတင်မလုံလောက်မှုကြောင့် နေအိမ်မှာပင် ကုသမှုခံယူနေကြသည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၃ ဒသမ ၄ သန်းနီးပါးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။

နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို