မင်္ဂလာဒုံမြို့နယ်၌  (YESC) မှ လျှပ်စစ်မီတာခများအား မော်တော်ယာဉ်ဖြင့် လိုက်လံကောက်ခံပေးလျက်ရှိ

မင်္ဂလာဒုံ   ၂၉  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်‌ပေါ်နေသည့်ကာလအတွင်း  ရောဂါကူးစက်မှု ထိန်းချုပ်နိုင်‌စေရန် (YESC) မှ လျှပ်စစ်မီတာခများအား မော်တော်ယာဉ်ဖြင့် လိုက်လံကောက်ခံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဧပြီ ၂၄ ရက်‌တွင် ကြံခင်းစု၊ အနန်းပင်ရပ်ကွက်များ၊ ၂၅ ရက်‌တွင် ချစ်တီးကုန်း၊ ၃/ခ ရပ်ကွက်များ၊ ၂၆ ရက်တွင် ၃/က ၊ ၂/ခ ရပ်ကွက်များ၊  ၂၇ ရက်တွင် စမ်းကြီးဝ၊ ၂/က ရပ်ကွက်များ၊၂၈ ရက်တွင် တောတိုက်၊ တပ်မတော်စံပြရပ်ကွက်များတွင် လျှပ်စစ်မီတာခများအား မော်တော်ယာဉ်ဖြင့် ကောက်ခံခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍ ပလရ၊ ကြူစမ်းရပ်ကွက်များသို့ မီတာခများ လိုက်လံကောက်ခံလျက်ရှိပါသည်။

 

ထို့အပြင် ၃၀ ရက်တွင် ပေါက်ကုန်းရပ်ကွက်တွင် မီတာခများ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း (YESC) တာဝန် ရှိသူထံမှ သိရသည်။

မြတ်သူဇာ(ပြန်/ဆက်)